ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှု တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

 

ရန်ကုန်   အောက်တိုဘာ   ၃
ရန်ကုန်တိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုး သိန်းနှင့်ကော်မတီအဖွဲ့ဝင်   တိုင်း ဒေသကြီး    ဝန်ကြီးများသည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်း က   ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုအရှေ့ကျေးရွာ၌    လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ     ဝန်ထမ်းများနှင့် ခရိုင်၊ မြို့နယ်  သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းတွင်      တစ်ခုအပါ အဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင် စာရင်း    ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို   လှည့်လည် ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ကော်မတီဝင်များက ကျီစုကျေးရွာ အတွင်း တစ်အိမ်တက်ဆင်း သွား ရောက်၍   လူဦးရေနှင့်    အိမ် အကြောင်းအရာသန်းခေါင်စာရင်း၊ အိမ်ထောင်စုဆိုင်ရာ     မေးခွန်း အချက်အလက်များ      မေးမြန်း ကောက်ယူနေမှုကို   လှည့်လည် ကြည့်ရှုပြီး   ဒေသခံပြည်သူများ အား    စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာ      ဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ    ဆောင်ရွက်ပေး  နိုင်ရေး   ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မြို့နယ် ၂၀ ရွေးချယ်
ယခု    စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့်     လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းမဆောင်ရွက်မီ တစ်နှစ် အလိုဖြစ်သည့်     ၂၀၂၃    ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အတွင်း     တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌   မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်း ကောက်ကွက် ၁၀၀ ကို ပြည်လုံး ကျွတ်အဆင့်    ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်း ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင်  Mobile   Tablet   များ အသုံးပြုကာ  Computer Ass-isted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများ အတွက် မေးခွန်း ၆၈ ခုကို မေးမြန်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)