
ရန်ကုန် အောက်တိုဘာ ၃
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ရိုးရာလှေ (နဂါးလှေ) ပြိုင်ပွဲကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် တရုတ်နိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာရိုးရာလှေအဖွဲ့သည် ပြိုင်ပွဲအမျိုး အစား နှစ်မျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲ ရိုးရာလှေအားကစားနည်းတွင် ပြိုင်ပွဲ အမျိုးအစားခြောက်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး တစ်နေ့ လျှင် ပြိုင်ပွဲနှစ်မျိုးစီ ကျင်းပမည်ဖြစ်သည်။ အောက်တိုဘာ ၄ ရက် (ယနေ့)တွင် မီတာ ၂၀၀ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ တက်လှော်ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး မြန်မာရိုးရာလှေအဖွဲ့သည် အမျိုးသား၊ အမျိုးသမီးပွဲစဉ် နှစ်ခုစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ရိုးရာလှေအဖွဲ့သည် ယခုပြိုင်ပွဲတွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ရိုးရာလှေပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်တွင် မီတာ ၅၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အောက်တိုဘာ ၆ ရက်တွင် မီတာ ၁၀၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်