မန္တလေးပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှလုံးရောဂါ လူနာများအား Device Closure နည်းလမ်းဖြင့် ကုသခြင်းကို ဗီယက်နမ်နိုင်ငံမှ နှလုံးအထူးကုအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်

 

နေပြည်တော်    စက်တင်ဘာ    ၂၉


ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဗီယက်နမ် နိုင်ငံ  ဟနွိုင်းမြို့  Hanoi Medical University မှ နှလုံးအထူးကုဆရာဝန်ကြီး Dr. Nguyen Lan Hieu နှင့်အဖွဲ့သည်  စက်တင်ဘာ ၂၃ ရက်မှ ၂၄ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီး၌   ပါမောက္ခဒေါက်တာ ကျော်စိုးဝင်း၊ ပါမောက္ခ(နှလုံးဆေးကု) ခေါင်းဆောင် သောအဖွဲ့နှင့်အတူ    မွေးရာပါနှလုံးရောဂါလူနာ များအား ခွဲစိတ်စရာမလိုဘဲ      ပေါင်ခြံသွေးကြော မှတစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့်ပိတ်ခြင်း နည်းလမ်း (Device closure) ဖြင့်  အောင်မြင်စွာ ကုသပေးခဲ့သည်။


ဗီယက်နမ်-မြန်မာအဖွဲ့များ        ပူးပေါင်း၍ Congenital  Heart   Disease   Device    Closure အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ နှလုံးအပေါ်ခန်းတွင်  အပေါက်ပါခြင်း    (Atrial Septal Defect-ASD)၊ နှလုံးအောက်ခန်း တွင် အပေါက်ပါခြင်း(Ventricular Septal   Defect-VSD)၊   နှလုံးမှ အဆုတ်သို့သွားသော သွေးကြော ရှိ အဆို့ရှင်ကျဉ်းခြင်း(Pulmonary   Stenosis)  စသည့်မွေးရာပါနှလုံး ရောဂါ      လူနာရှာဖွေခြင်းကို လက်တွေ့နှလုံး    တီဗွီဓာတ်မှန်  (Echocar-diogram) ကြည့်ရှု စစ်ဆေးပြီး နှလုံးခွဲစိတ်ကုသခြင်း သို့မဟုတ်   Device    closure နည်းလမ်းဖြင့်  ကုသခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။


မွေးရာပါနှလုံးရောဂါ  လူနာ များအနက်  ၃၄ ဦးကို အောင်မြင် စွာ ကုသပေးနိုင်ခဲ့ပြီး နှစ်ရက်တာ ကာလအတွင်း    နှလုံးအပေါ်ခန်း တွင် အပေါက်ပါသောလူနာ၂၁ ဦး၊ နှလုံးအောက်ခန်းတွင်   အပေါက် ပါသော    လူနာနှစ်ဦး၊   နှလုံးမှ  အဆုတ်သို့သွားသော  သွေးကြော ရှိ အဆို့ရှင်ကျဉ်းလူနာလေးဦးနှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ် သွေးကြောမကြီး   ဆက်နေသော လူနာ   (PDA)    ခုနစ်ဦးတို့ကို  ကုသပေးနိုင်ခဲ့ခြင်း       ဖြစ်ကာ ခွဲစိတ်စရာမလိုဘဲ       ပေါင်ခြံ သွေးကြောမှတစ်ဆင့်       အပေါက် ပိတ်စက်ကိရိယာဖြင့်   ထုံဆေး ဖြင့်ပိတ်ခြင်း   (Device closure) နည်းလမ်းဖြင့်     အောင်မြင်စွာ     ကုသပေးနိုင်ခဲ့ခြင်း    ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်