ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၂၉


နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး    ဦးကျော် မျိုးထွဋ်သည်  ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး  (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား  ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ရောက်  နေရပ်စွန့်ခွာ သူများအား မြန်မာနိုင်ငံမှ  ပြန်လည်စိစစ်ပြီး ရှေ့ပြေး စီမံချက်ဖြင့်   ပြန်လည်လက်ခံရန်   မြန်မာဘက်မှ  အသင့် ပြင်ဆင်ထားမှု   အခြေအနေ၊   UNHCR နှင့်   လက်ရှိပူးပေါင်း ဆောင်ရွက်မှုနှင့်  အနာဂတ်တွင် ပူးပေါင်း   ဆောင်ရွက်နိုင်မည့်   နည်းလမ်းများနှင့်   ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 


အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက်       UNHCR ရုံး၏   မြန်မာနိုင်ငံဆိုင်ရာ  ဒုတိယကိုယ်စားလှယ်  Mr.  Mulugeta  Zewdie  တို့    တက်ရောက်ခဲ့ကြ သည်။   

သတင်းစဉ်