မြေငလျင်ဒဏ်ခံရသည့် မှော်ဘီပန်းတပွင့်တောင်ကျောင်းနှင့် အဖျောက်မြို့ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  စက်တင်ဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက မှော်ဘီမြို့နယ် ပန်းတပွင့်တောင် တောရရိပ်သာကျောင်းတိုက်တွင်    မြေငလျင်လှုပ်မှု ကြောင့် ထိခိုက်ခဲ့ရသည့်နေရာများနှင့် တိုက်ကြီး မြို့နယ် အဖျောက်မြို့၌  ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့်   ကမ်းပြိုမှုများရှိရာ  ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ   ဝန်ကြီးချုပ်နှင့်   အဖွဲ့သည်‌ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက‌      မြေငလျင်လှုပ်မှုကြောင့် ထိခိုက်ခဲ့ရသည့်   ပန်းတပွင့်တောင်တောရရိပ်သာ ကျောင်းတိုက်အတွင်းရှိ စေတီတော်ရင်ပြင်‌ကြွေပြားအက်ကွဲမှု၊  ကွန်ကရစ်အမိုးဖြင့်  ပြုလုပ်ထားသည့် ဓမ္မာရုံအမိုးနဖူးစီးပျက်စီးမှုနှင့် လှေကားလက်ရန်း ပျက်စီးမှု၊ ဓမ္မာရုံမျက်နှာကြက်ပျက်စီးများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပန်းတပွင့်တောင်တောရ ကျောင်းတိုက်ဆရာ တော်အား   ဖူးမြော်ကြည်ညို၍    အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ပျက်စီး ဆုံးရှုံးခဲ့မှုများကို အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက် ပေးမည့် အစီအစဉ်များကို လျှောက်ထားသည်။


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   တိုက်ကြီးမြို့နယ်   အဖျောက်မြို့သို့ ရောက်ရှိရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   အဖျောက်မြို့    ကမ်းထိန်း လုပ်ငန်းများ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ က  ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်  ကမ်းထိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ရေပြန်ရွာသစ်ကျေးရွာရှိ အ.မ.က(ရေပြန်) စာသင်ကျောင်းသည် မြစ်ကမ်းနှင့်ပေ ၁၃၀ ခန့်သာ ကွာဝေးတော့သဖြင့် ရေပြန်ဘုန်းတော်ကြီးကျောင်း၌ (ခေတ္တ)  ပြောင်းရွှေ့ပညာသင်ကြားမည့်အစီအစဉ် များနှင့် ကမ်းနှင့်ဝေးသောမြေနေရာတွင်  ကျောင်း ဆောင်သစ်ဆောက်လုပ်မည့် အစီအစဉ်များကိုလည်း ကောင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်ချိန်ရောက်ရှိပါက မြစ်ကမ်းပါးများ ထပ်မံပြိုကျလာနိုင်သဖြင့် ကမ်းရင်း တာနှင့် ပန်းတာအတွင်းနေထိုင်လျက်ရှိသည့် အိမ်ခြေ ၇၄ လုံးကို ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးနှင့် ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ် များသည်အချိန်မရွေး ကျရောက်လာနိုင်သောကြောင့် လုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို  သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။        

ဆန်းကျော်ဦး(ပြန်/ဆက်)