မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

 

မော်လမြိုင်   စက်တင်ဘာ  ၂၇
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်ရေးရာကိစ္စရပ် များကို စနစ်တကျ ထိထိရောက် ရောက်    အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်     လူငယ်ရေးရာ ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်   လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က   မွန်ပြည်နယ်   အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေး မှု       ဖွံ့ဖြိုးတိုးတက်ခိုင်မာရေး နှင့်  စောင့်ရှောက်ထိန်းသိမ်းရေး အတွက်  ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ   မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊   အတွေး အခေါ်မှန်ကန်ရေးနှင့်    ဗလ ငါးတန်    တိုးတက်ဖွံ့ဖြိုးရေးတို့ အတွက်       အထူးအလေးထား ဆောင်ရွက်လျက်     ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာ   ဗဟိုကော်မတီအတွင်း ရေးမှူး   အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ မူဝါဒဆိုင်ရာ   အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့် လူငယ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို   ရှင်းလင်းဆွေးနွေးပြီး   မွန် ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး    ဦးခင်ဇော်က မွန်ပြည်နယ်      လူငယ်ရေးရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ် များ   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ        လူငယ် ရေးရာ   ကော်မတီအဖွဲ့ဝင်များက ဆက်လက်     ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များ၊ အသုံး စရိတ် လျာထားတင်ပြချက်များ၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအဆင့်မြင့်နှင့်    အခြေခံပညာ အဆင့်    အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို   ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး များနှင့်   လုပ်ငန်းညှိနှိုင်းအဝေး သို့   တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များ   ထပ်မံဖြည့်စွက်ဆွေးနွေး ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် က  နိဂုံးချုပ်အမှာစကား  ပြော ကြားသည်။
မွန်းလွဲပိုင်းတွင်  မြန်မာနိုင်ငံ လူငယ်ရေးရာ   ဗဟိုကော်မတီ နှင့် မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီတို့     ပူးပေါင်းကျင်းပ သည့်    လူငယ်ရေးရာအသိပညာ ပေး ဟောပြောပွဲအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ (အပေါ်ပုံ)      ပြည်နယ် ဝန်ကြီးချုပ်၊     အားကစားနှင့် လူငယ်​ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊  အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ  မွန်ပြည်နယ်လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က     အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာ   ဗဟိုကော်မတီအတွင်း ရေးမှူး  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး က တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု  အခန်း ကဏ္ဍနှင့်ပတ်သက်၍   ဆွေးနွေး ဟောပြောပြီး      စာရေးဆရာမ တက္ကသိုလ်   နန်းဖြူဖြူထွန်းက လူငယ်များ    ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ ပေး ဟောပြောသည်။
ယင်းနောက်   ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ   ဗိုဗီနမ်အဖွဲ့က သရုပ်ပြသခြင်း၊   ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆုရ  ကာယဗလ အားကစားသမား   မောင်လင်း လင်းထိုက်က      သရုပ်ပြသခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)    သင်တန်းသား သင်တန်းသူများက Fitness Dance  ဖြင့်      သရုပ်ပြသခြင်းများကို  ကြည့်ရှုအား​ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က      မြန်မာနိုင်ငံ လူငယ်ရေးရာ   ဦးစီးဌာနအတွက် ငွေကျပ်သိန်း ၅၀ ကို   ဒုတိယ ဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက မွန်ပြည်နယ်ရှိ အခြေခံ ပညာ အထက်တန်းကျောင်းများ အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မွန်ပြည်နယ် ပညာရေးမှူးက   လက်ခံရယူပြီး မော်လမြိုင်မြို့နယ်ရှိ    အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်း များ၊ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြကာ တာဝန်ရှိသူများ က    စာရေးဆရာမတက္ကသိုလ် နန်းဖြူဖြူထွန်း၊ သရုပ်ပြအဖွဲ့များ နှင့် တေးသီချင်းများဖြင့် ဖျော်ဖြေ ခဲ့ကြသည့်  ကျောင်းသား ကျောင်း သူများအား    ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြပြီး    ခန်းမအတွင်း ခင်းကျင်းပြသထားသော လူငယ် ရေးရာအသိပညာပေး နံရံကပ် စာစောင်များနှင့် စာအုပ်စာပေများ ကို တက်ရောက်လာသော ကျောင်း သား ကျောင်းသူများက စိတ်ပါ ဝင်စားစွာ    လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်