ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်

 

ရန်ကင်း   စက်တင်ဘာ   ၂၇


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်      ထူးချွန်စွာ အောင်မြင်ခဲ့ကြသော   ကျောင်း သား ကျောင်းသူများအား  မြို့နယ် အဆင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို စက်တင်ဘာ  ၂၇   ရက်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်သည်။


ဦးစွာ   သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်   အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်က အမှာစကား    ပြော ကြားပြီး မြို့နယ်ဒုတိယပညာရေး မှူး   ဦးဌေးလွင်က   ဆုချီးမြှင့်ခြင်း နှင့်   ပတ်သက်၍     ရှင်းလင်း ပြောကြားသည်။ 


ယင်းနောက်   ၂၀၂၃   ခုနှစ် တက္ကသိုလ်ဝင်   စာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ခြောက်ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံး ဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ် ဘာသာဂုဏ်ထူးရှင်   ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၄ ဦး စုစုပေါင်းထူးချွန်ဆုရ  ကျောင်း သား  ကျောင်းသူ   ၃၀  တို့အား တာဝန်ရှိသူများက     ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း   သိရ သည်။     


လှလှထွေး(ပြန်/ဆက်)