ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   စက်တင်ဘာ  ၂၆ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဉာဏ်ထွန်းသည်  ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ  မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့ကို  ယနေ့ နံနက် ၁၀ နာရီက   နေပြည်တော်ရှိ  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်    ရုရှား - မြန်မာ  နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခဲ့သည့်   အကျိုးရလဒ် အဖြစ် ကဏ္ဍပေါင်းစုံ  အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလ များကပင်   ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှု၊ လျှပ်စစ် ကဏ္ဍဆိုင်ရာ  ထုတ်လုပ်မှုများမှ   ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊  လေစွမ်းအင်နှင့် အပူစွမ်းအင် စီမံကိန်းများတွင်  ရုရှားကုမ္ပဏီများက   ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် လျှပ်စစ် ကဏ္ဍဆိုင်ရာ    စီမံကိန်းများတွင်    မြန်မာနိုင်ငံမှ ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို  အကျယ်တဝင့် ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်    ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။                           တင်းစဉ်