
နေပြည်တော် စက်တင်ဘာ ၂၆
ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး အကောင်အထည် ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီးက စာတတ်မြောက်ရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများနှင့် ကျေးလက်အစွန်အဖျားဒေသရှိ ပြည်သူများအားလုံး ကို ဦးတည်၍ ရုံးသုံးစာဖြစ်သည့် မြန်မာစာ မြန်မာ စကား အရေး၊ အဖတ်မတတ်သူများ၊ အခြေခံသင်္ချာ ဘာသာရပ်မတွက်ချက်တတ်သူများကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအနေဖြင့် အသက် ၁၅ နှစ်နှင့်အထက် လူငယ်၊ အရွယ်ရောက် ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်များကို သတ်မှတ် ၍ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရက်ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီး ဌာနက စီစဉ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူ များ စာတတ်မြောက်ရေးလုပ်ငန်းကို လာမည့်နှစ် နွေရာသီကာလတွင် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် နိုင်ငံတစ်ဝန်း သင်ကြားရေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြနိုင်ရေး ဝိုင်းဝန်းဆွေးနွေး တင်ပြပေးကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း က ကျောင်းပြင်ပပညာရေးဆိုင်ရာ စာတတ်မြောက် ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေး ဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
သတင်းစဉ်