မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

 

ရန်ကုန်    စက်တင်ဘာ   ၂၃


(၅၉)နှစ်မြောက်     မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို    ကြိုဆိုဂုဏ်ပြုသော အားဖြင့်  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ  အရာရှိတပ်ဖွဲ့ဝင် ၁၄ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင်  ၁၀၆ ဦး စုစုပေါင်း ၁၂၀ တို့သည် ယနေ့ နံနက် ပိုင်းက ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် ဦးဝိစာရလမ်း၊  အမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) ၌ စုပေါင်းသွေးလှူဒါန်းကြသည်။


အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊  ဒုတိယတိုင်းဒေသကြီး   ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး  မျိုးကြည် ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူးများ  တက်ရောက်အားပေးပြီး    သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။


မြန်မာ့အလင်း