
နေပြည်တော် စက်တင်ဘာ ၂၃
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင် စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး နှင့် ကွပ်ကဲမှုအောက် ရုံး/ရဲစခန်းများ၊ တပ်ဖွဲ့ များမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းရိုးမဘိုးဘွားရိပ်သာ၌ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဇနီး ၊ ရဲအရာရှိကြီးများ၊ ရဲအရာရှိ/ အခြားအဆင့်တပ်ဖွဲ့ဝင်များက ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၁၉ ဦးကို အလှူငွေကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ဆေးဝါး၊ ခေါက်ဆွဲ၊ ကော်ဖီနှင့် စားဖွယ်မုန့်မျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၄၀၇၀၀ဝ တို့ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်