
ရန်ကုန် စက်တင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစား အဖွဲ့များ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့သို့ ဝူရှူး၊ တိုက်ကွမ်ဒိုအားကစား အဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းပြန်ကြားရေးအဖွဲ့ထွက်ခွာသွားသည်။
အဆိုပါပြိုင်ပွဲတွင် ဝူရှူးအမျိုးသမီးအားကစားသမားများသည် ချန်းစု+ကျန့်စုပြိုင်ပွဲ၊ နန်းချွမ်+နန်းသောင်းပြိုင်ပွဲနှင့် ထိုက်ချိချွမ်+ ထိုက်ချိကျန့်ပြိုင်ပွဲများ၊ အမျိုးသားတွင် ထိုက်ချိချွမ်+ထိုက်ချိကျန့် ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအားကစားသမားများသည် အတိုက်ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အာကာစိုး၊ ဓာတ်ပုံ-တင်စိုး