
လားရှိုး စက်တင်ဘာ ၂၂
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး)က လားရှိုးမြို့ အမှတ်(၉) ခုတင်(၁၀၀) တပ်မတော်ဆေးရုံနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတို့တွင် ယနေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီး လှမင်း၊ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးတို့ တက်ရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို ဖြည့်စွက် စာများ ပေးအပ်ပြီး အမှတ်(၉) ခုတင်(၁၀၀) တပ်မတော်ဆေးရုံအတွက် အလှူငွေကျပ် ငါးသိန်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရ သည်။
ခရိုင်( ပြန်/ဆက်)