နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

လွိုင်ကော်      စက်တင်ဘာ  ၂၀


ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့  မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား        ပြောကြားရာတွင် နိုင်ငံစီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်  အလတ်စား ကုန်ထုတ်ငန်းများ      တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း မှ  ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ် ကုန်များကို အခြေခံ၍  MSMEs လုပ်ငန်း များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည်  နိုင်ငံစီးပွားရေးကို တိုးတက်စေမည်ဖြစ်၍ MSMEs စီးပွားရေး လုပ်ငန်းများကို  အားပေးဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊    ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်နယ်စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  ဝိုင်းဝန်း ပူးပေါင်း   ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ 
ထို့နောက်    ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း  အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို  ဆွေးနွေးတင်ပြ ရာ   ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန် ပစ္စည်းများကို One Region One Product အဖြစ်  ရွေးချယ်၍ အဆင့်မြှင့်တင်ထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်      အသေးစား၊     အငယ်စားနှင့် အလတ်စား      စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့်        ဒေသတွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို         အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်        ကယားပြည်နယ် အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ      တွဲဖက်အတွင်းရေးမှူးက ပြည်နယ်အတွင်း   MSMEs  စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ဆွေးနွေးတင်ပြပြီး  တက်ရောက် လာကြသည့် ပြည်နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များက      လုပ်ငန်း ကဏ္ဍအလိုက် လိုအပ်ချက်များ ၊ ပူးပေါင်း ချိတ်ဆက်ပေးစေလိုသည့်  ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက  ကဏ္ဍအလိုက်  ပံ့ပိုးကူညီပေးနိုင် မည့်  ကိစ္စရပ်များကို   ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဆက်လက်၍     တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည်  ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍  ကဏ္ဍအလိုက် ဒေသထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားသော   အသေးစား၊   အငယ်စားနှင့် အလတ်စား  ထုတ်ကုန်ပစ္စည်းပြခန်းများ ဖြစ်သည့်   သစ်အခြေခံထုတ်ကုန်ပစ္စည်း များပြခန်း၊  သမဝါယမ  ထုတ်ကုန်ပစ္စည်း များပြခန်း၊ ရေထွက်ထုတ်ကုန်ပစ္စည်းများ ပြခန်း၊ နယ်စပ်ဒေသနှင့်   တိုင်းရင်းသား များ အိမ်တွင်းမှုသက်မွေးလုပ်ငန်းထုတ်ကုန်ပစ္စည်းများပြခန်း၊     စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများပြခန်း၊   မွေးမြူရေးထုတ်ကုန်ပစ္စည်းများပြခန်း၊ စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းများပြခန်း၊     အသေးစား စက်မှုလက်မှု   ထုတ်ကုန်ပစ္စည်းများပြခန်း၊ ရက်ကန်းလုပ်ငန်းထုတ်ကုန် ပစ္စည်းများ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်