ပြည်ပကို အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၄၆၇ ခုရှိ

 

ရန်ကုန်  စက်တင်ဘာ   ၁၆


မြန်မာပြည်ပ     အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ၏   ဒသမအကြိမ် မြောက် နှစ်ပတ်လည်   သင်းလုံး ကျွတ်အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင်       ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊     အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်သန်း၊ လူမှုဖူလုံရေးအဖွဲ့    ညွှန်ကြား ရေးမှူးချုပ်    ဦးတင်ကိုကိုနိုင်၊ မြန်မာပြည်ပ     အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ ချုပ်(MOEAF) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁)နှင့်(၂)၊  အထွေထွေအတွင်း ရေးမှူးနှင့်  အဖွဲ့ချုပ်မှ   အဖွဲ့ဝင် အေဂျင်စီတို့မှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က  ပြည်ပနိုင်ငံများသို့  အလုပ် သမားစေလွှတ်ရေး  လုပ်ငန်းစဉ် များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်း ကော်မတီများအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ပြည်ပကို အလုပ် သမားများ တရားဝင်စေလွှတ်ရေး လုပ်ငန်းစဉ်များ  ဆောင်ရွက်နိုင် ရန်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ  အေဂျင်စီ   ၄၇၇ ခု၊  ယာယီ   ပိတ်သိမ်းထားသည့် အေဂျင်စီ ၁၀ ခု၊ လက်ရှိဆောင်ရွက် နေသည့် အေဂျင်စီ  ၄၆၇  ခု  ရှိ ကြောင်း၊  (ထိုင်း)     လိုင်စင်ရ အေဂျင်စီ  ၁၅၈   ခုရှိပြီး   ယာယီ ပိတ်သိမ်းသည့်   အေဂျင်စီ   ရှစ်ခု ရှိသဖြင့်  လက်ရှိဆောင်ရွက်နေ သည့် (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၅၀  ရှိပါကြောင်း။
ပြည်ပနိုင်ငံများသို့   အလုပ် သမားစေလွှတ်သည့်    ပြည်ပ အလုပ်အကိုင်    အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့်   အလုပ် သမားတို့အကြား    ချုပ်ဆိုမည့် စံစာချုပ်ကို စက်တင်ဘာ ၁ ရက် မှ   စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်    ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ         အားလုံးကို အကြောင်းကြားထားပြီး      ဖြစ် ကြောင်း၊ ထိုစာချုပ်အရ မိသားစု လွှဲပို့ငွေများမှ လစဉ်အခြေခံလစာ ၏ ၂၅ ရာခိုင်နှုန်းကို  တရားဝင် လမ်းကြောင်းဖြင့် လွှဲပြောင်းပေး ပို့ရမည်ဖြစ်ကြောင်း၊ အလုပ်သမား များအနေဖြင့် ပြည်ပမှ တရားဝင် လွှဲပေးပို့နိုင်သည့် နည်းလမ်းများ နှင့် အကျိုးကျေးဇူးများကို ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်း များ၊   အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတို့ တွင် အလုပ်သမားများအား ရှင်းပြ ပေးရန်လိုအပ်ကြောင်း၊ တရားဝင် လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည် ဝင်ရောက်လာမည်ဖြစ် သကဲ့သို့ ၎င်းအလုပ်သမားများ၏ မိသားစု   လူမှုစီးပွားကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်     အလုပ်လုပ်ကိုင် မည့်   အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား  အလုပ် ခန့်ထားမှုဆိုင်ရာ    သဘောတူ စာချုပ်  ချုပ်ဆိုခြင်းကို  ယခင်က အလုပ်သမားများ    နေထိုင်ရာ သက်ဆိုင်ရာ    တိုင်းဒေသကြီး/ ပြည်နယ်တို့တွင်    ချုပ်ဆိုခွင့်ပြု ရာမှ  အချိန်ကုန်သက်သာစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)  မြို့နယ် ရှိ  ကျွမ်းကျင်မှုလေ့ကျင့်ရေးသင် တန်းကျောင်း    တစ်ခုတည်းတွင် ချုပ်ဆိုခြင်းကို စက်တင်ဘာ ၁၁ ရက်က  စတင်ခွင့်ပြုပေးပြီးဖြစ် ကြောင်း ပြောကြားသည်။(ဝဲပုံ)
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး  အလုံမြို့နယ်ရှိ   ပင်မဆေး သိုလှောင်ရေးဌာနသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး    လုပ်ငန်း လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ကျောက် တံတားမြို့နယ်ရှိ လူမှုဖူလုံရေး - ကဲဝဲလ်    အထွေထွေရောဂါကု ဆေးခန်းသို့    သွားရောက်ပြီး အကျုံးဝင်အာမခံ    အလုပ်သမား များအား ကျန်းမာရေးစောင့်ရှောက် မှုပေးနေမှုများကိုကြည့်ရှုစစ်ဆေး၍    အာမခံအလုပ်သမားများကို အားပေးစကား ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံ   အလုပ်သမား ၈၉၂၀၀၀ ကျော်  ရှိပြီး   အဆိုပါ အာမခံ    အလုပ်သမားများ၏ ကျန်းမာရေး    စောင့်ရှောက်မှု အတွက်  ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ် သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း  ၂၂  ခန်း၊    ဌာနကြီး ဆေးခန်း ၁၈ ခန်း၊   တိုင်းရင်း ဆေးခန်း တစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀၊  မီးဖွားခြင်းဆိုင်ရာဝန်ဆောင် မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့   ဖွင့်လှစ်၍   ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်  ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဩဂုတ် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အာမခံအလုပ်သမား   လူနာ ပေါင်း ၇၂၈၈၆၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့သည်။    
လူမှုဖူလုံရေးအဖွဲ့   အနေဖြင့်  အကျုံးဝင်အာမခံ   အလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၂၀၊   Capi-tation Payment ဆေးခန်း ၂၆၊ သားဖွားမီးယပ်      ပြင်ပလူနာ ဝန်ဆောင်မှု (Specialist OG OPD care) ၁၅ ခန်းနှင့် မီးဖွားမှုဝန်ဆောင် မှုဆေးခန်း ၁၂  ခန်းဖြင့်  ကျန်းမာ ရေးဝန်ဆောင်မှု   ပေးလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေ တွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဦးရေ ၂၉၃၉  ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၅၄၆ ဒသမ ၂၀၆   သန်း   ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်