
ဟားခါး စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်း တွင် ဟားခါးမြို့ရှိ ချင်းပြည်နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ် ချမှတ်၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဆန်ဖူလုံ ရေး၊ စားသုံးဆီဖူလုံရေးအတွက် အဓိက သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန် လိုကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း၊ နိုင်ငံတော် အစိုးရက အခြေခံပညာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း KG+9 အနည်းဆုံး ပြီးမြောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ် တွင် အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကို အထူး ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက် သည် လွတ်လပ်ပြီး တရားမျှတသောပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးဖြစ် သည့်အတွက် တည်ငြိမ်အေးချမ်းစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒများကို ဌာနဆိုင်ရာများက ဦးဆောင် ၍ ပြည်သူများ၏ပူးပေါင်းမှုဖြင့် အောင်မြင် အောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များက မိမိဌာနအလိုက် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က ၂၀၂၃−၂၀၂၄ ခုနှစ် ဆောင်းရာသီ သီးနှံ မျိုးစေ့များနှင့် ပုလဲဓာတ်မြေသြဇာတို့ကို တောင်သူများထံ ပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် က မြို့မိမြို့ဖများအတွက် အမှတ်တရ လက်ဆောင်ပေးအပ်ရာ မြို့မိမြို့ဖ ဦးအုပ်နောလ်က လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က မြို့နယ်အဆင့်ဌာနဆိုင်ရာ များအတွက် အမှတ်တရလက်ဆောင် ပေးအပ်ရာ ဦးသျှန်နွန်မောင်းက လည်း ကောင်း၊ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးက လူမှုရေး အသင်းအဖွဲ့များအတွက် အမှတ်တရ လက်ဆောင်ပေးအပ်ရာ ဒေါ်တင်တင်က လည်းကောင်း လက်ခံရယူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်က နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်