ဥပဒေသုတေသန စာတမ်းရေးသားခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၄ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေ သုတေသနစာတမ်း ရေးသားခြင်း ဆိုင်ရာ     သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားတွင်      ဒုတိယ ဝန်ကြီးနှင့်    ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက   Re-search Methodology သင်တန်း ကို   ဖွင့်လှစ်ရခြင်း၏   ရည်ရွယ် ချက်မှာ  ဥပဒေရေးရာဝန်ကြီးဌာန တွင် ရှိသည့် သုတေသနအဖွဲ့ဝင် များ   သုတေသနစာတမ်းများ ရေးသားခြင်းကို ကောင်းစွာသိရှိ နားလည်စေရန်၊ အရည်အသွေး ပြည့်မီသော  ဥပဒေသုတေသန စာတမ်းများ  ရေးသားနိုင်စေရန်၊ ယခုထက်ပိုမို၍   အရည်အချင်း ပြည့်မီသော   ဥပဒေအရာရှိများ ဖြစ်လာစေရေးနှင့်     လေ့ကျင့် သင်ကြားပေးရန်ဖြစ်ပါကြောင်း။
ဥပဒေသုတေသန  အဖွဲ့များ အနေဖြင့် စာတမ်းများကို စဉ်ဆက် မပြတ်   ရေးသားပြုစုလျက်ရှိရာ ယခုထက်  ပိုမိုကောင်းမွန်သည့် အရည်အသွေးပြည့်မီသော ဥပဒေ သုတေသနစာတမ်းများ ရေးသား နိုင်စေရေးအတွက်    ပညာရေး ဝန်ကြီးဌာနမှ   ပညာရှင်များကို ဖိတ်ကြား၍ Research Metho-dology  များကို  သင်ကြားပို့ချ နိုင်ရေး   စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်ယူခွင့်ရရှိသည့် ဥပဒေ  သုတေသနအဖွဲ့ဝင်များ က    စိတ်ပါဝင်စားစွာ    လေ့လာ မှတ်သားပြီး ရရှိလာသည့် အသိ ပညာများကိုလည်း မိမိတို့ရေးသား လျက်ရှိသည့်  စာတမ်းများတွင် လက်တွေ့ပြန်လည်အသုံးချခြင်း ဖြင့်   ယခုထက်ပိုမိုကောင်းမွန် သည့်  ဥပဒေသုတေသနစာတမ်း များ ရေးသားနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့     ဥပဒေရေးရာဝန်ကြီးဌာန မှ  ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေသုတေသနအဖွဲ့ဝင်  ၅၆  ဦး တက်ရောက်ကြပြီး   သင်တန်း ကာလမှာ နှစ်ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်