
စစ်တွေ စက်တင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်တွေ မြို့ လောကာနန္ဒာစေတီတော် မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ပြီး ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေမြို့နယ် အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်များအား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်၍ စေတီတော် ဘက်စုံပြုပြင်နိုင်ရေး အလှူငွေ များ ပေးအပ်လှူဒါန်းကြကာ စေတီ တော်အတွင်း လှည့်လည်ဖူးမြော် ကြသည်။ ဆက်လက်၍ လောကာ နန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် လောကာနန္ဒာစေတီ တော် ပရိဝုဏ်အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ စာပေပညာရှင်များ၊ လူမှု ရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဘရွှေက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံ ရေး ရည်မှန်းချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာရေးနှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးပင် ဖြစ် ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် သည် အရေးအကြီးဆုံး ဖြစ် ကြောင်း၊ ထို့ပြင် ကျေးလက်နေ ပြည်သူများနှင့် ဝေးလံဒေသ များမှ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ အတန်းပညာ တတ်မြောက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းပြည် တစ်ပြည် တိုးတက်ရန် အခြေခံမှာ ပညာတတ်များ ပေါကြွယ်ဝခြင်း ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အသိ ပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သည့် လူသားအရင်းအမြစ်ကောင်း များ မဖြစ်မနေ လိုအပ်နေသည့် အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မိမိတို့ ရခိုင်ပြည်နယ် သည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် အလားအလာ ကောင်း များစွာရှိသည့် ပြည်နယ် တစ်ခုဖြစ်ခြင်းကြောင့် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒေသထွက် ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာ ကြသော မြို့မိ၊ မြို့ဖများ၊ ဒေသခံ ပြည်သူများ နှင့် စီးပွားရေးလုပ်ငန်း ရှင်များက ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကားပြောကြားကာ တက် ရောက်လာကြသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်တွေ) နှင့် ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ) တို့မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် များ ပေါ်ထွန်းလာရေးနှင့် စဉ်းစား တွေးခေါ်မှုကို အားပေးသော သင်ကြားသင်ယူမှု နည်းစနစ်များ ကို အသုံးပြုကာ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေးကို ဦးတည် သင်ကြားလေ့ကျင့်ပေး ကြရန်ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်နှင့်အဖွဲ့သည် စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက်၊ နန္ဒာ ရာမကျောင်းတိုက်နှင့် ကြွဖြူ ကျောင်းတိုက်တို့သို့ သွားရောက် ပြီး ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ် လှူဒါန်းသည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ် (စစ်တွေ) နှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) များသို့ သွားရောက်၍ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများ ပြုပြင်ပြီးစီး နေမှုနှင့် ပြုပြင်နေမှုများကိုလည်း ကောင်း၊ ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် စစ်တွေပွိုင့် အပန်းဖြေ စခန်းအား ပြန်လည်အဆင့် မြှင့်တင်ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ စစ်တွေမြို့ ရှုခင်းသာ လမ်း (စာတိုက်လမ်းဆုံမှ စစ်တွေ ဟိုတယ်လမ်းဆုံအထိ) လမ်းပိုင်း ပြန်လည်ပြုပြင်နေမှုနှင့် လမ်း တိုးချဲ့ ဆောင်ရွက်နေမှုများကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး သိရှိလို သည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်