
ကလေး စက်တင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တို့သည် ချင်းပြည်နယ် အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန် ထမ်းဆောင်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်မြေခံဒေသကွပ်ကဲမှုဌာန ချုပ်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ဝန်ထမ်းများ နှင့် တွေ့ဆုံရ၍ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါ ကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ရာသီဥတုအခြေ အနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေအရ ခက်ခဲ ၍ ယခုကဲ့သို့ တွေ့ဆုံအားပေးရခြင်း ဖြစ်ပါကြောင်း၊ အစစအရာရာ အဆင်ပြေစေရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ပညာ ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေနှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းတို့က မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာန ဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များအပေါ် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဌာန ဆိုင်ရာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။
ဆွေးနွေးဖြေရှင်းပေး
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယ ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ကလေးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံး အစည်း ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူ များ၏ မေးမြန်းတင်ပြချက်များအပေါ် ဆွေးနွေး ဖြေရှင်းပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်