
နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်း က ပြည်ထောင်စုလွှတ်တော်ရုံး သဘင်ဆောင် ခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော် ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။
မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ ၌ ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်း များတက်ရောက်၍ ကော်မရှင်ရုံးခွဲ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်ရုံး များမှ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်း ပြသဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော် ရုံးတို့မှ အရာထမ်း၊ အမှုထမ်း ၉၀၃ ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံးမှ အရာထမ်း၊ အမှုထမ်း ၃၀၀ တို့က မဲပေး စက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
Myanmar Electronic Voting Machine (MEVM) စက်ကို ကျင်းပမည့်ရွေးကောက်ပွဲများ တွင် အသုံးပြုဆောင်ရွက်ခြင်းဖြင့် အကျိုး ကျေးဇူးများစွာ ရရှိမည်ဖြစ်သည့်အပြင် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့် အညီ အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲ များကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာ ရှိမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်