
မော်စကို စက်တင်ဘာ ၁၃
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် စက်တင်ဘာ ၁၃ ရက်က ရုရှားနိုင်ငံ အရှေ့ဖျားရှိ အမူရာဒေသ ဗာ့စတာ့ချနီ အာကာသစခန်း ၌ တွေ့ဆုံခဲ့သည်ဟု ရုရှားနိုင်ငံ၏ စပွန်းနစ်ခ် သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ခေါင်းဆောင်နှစ်ဦးသည် အတိုချုံး ဆွေးနွေးခဲ့ကြသည်ဟု စပွန်းနစ်ခ်တွင်ဖော်ပြထားသည်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း အာကာသစခန်းသို့ ရောက်ရှိ လာပြီးနောက် နှစ်ဦးသားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်မည်ဟု သိရသည်။
ဆင်ဟွာ