
လားရှိုး စက်တင်ဘာ ၁၃နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ခေးနင်းကျေးရွာ အုပ်စုတွင် စက်မှုဇုန်လျာထားမြေနေရာများကို ကွင်းဆင်းကြည့်ရှု သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ သူနာပြုသားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ အား တွေ့ဆုံအားပေးစကား ပြောကြားကာ သူနာပြုသားဖွား သင်တန်းကျောင်းအတွက် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် တို့က ထောက်ပံ့ငွေများ ပေးအပ် ရာ သူနာပြုသားဖွားသင်တန်း ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များနှင့် အဖွဲ့သည် လားရှိုးမြို့ ပြည်သူ့ ဆေးရုံရှိ ကလေးကုသဆောင်သို့ သွားရောက်၍ ဆေးကုသမှုခံယူနေ သော ကလေးများအား အာဟာရ ပြည့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်တို့က ဆေးရုံ အတွက် ထောက်ပံ့ငွေပေးအပ်ရာ လားရှိုးဆေးရုံအုပ်ကြီးနှင့် ဆရာ ဝန်၊ ဆရာမများက လက်ခံရယူပြီး အမျိုးသမီးဆောင်၌ ဆေးကုသမှု ခံယူနေသော ဒေသခံပြည်သူများ ကို အာဟာရဖြည့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။
အလှူငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များနှင့် အဖွဲ့သည် လားရှိုးမြို့ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်သို့ သွား ရောက်၍ လားရှိုးမြို့ မြို့နယ်သံဃ နာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုဇာတ အား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူ ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လားရှိုးမြို့ ပင်မ “ဝ” နှစ်ခြင်းခရစ်ယာန်အသင်း တော်၌ “ဝ” နှစ်ခြင်းခရစ်ယာန် အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံရာ “ဝ” နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ဦးဂျယ်ဆင်က ကျေးဇူးတင်စကား ပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ဇော်အေးတို့က “ဝ” နှစ်ခြင်းခရစ်ယာန် အသင်းတော် သို့ အလှူငွေများ ပေးအပ်ရာ အသင်းတော် သင်းအုပ်ဆရာ တော် သိက္ခာတော်ရ ဆရာ ဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး မေတ္တာပို့သခြင်းနှင့် ကောင်းချီး မင်္ဂလာပေးကြသည်။
တင်းစဉ်