အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၂


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး   ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  Academy    for International Business Off-icials (AIBO) တို့   ပူးပေါင်း၍ အာဆီယံ - တရုတ်   လွတ်လပ် သောကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသ စည်းမျဉ်းများ  အကောင်အထည် ဖော်ရေးနှင့်        စပ်လျဉ်းသည့် စွမ်းဆောင်ရည်    မြှင့်တင်ရေး ဆိုင်ရာဆွေးနွေးပွဲ    ဖွင့်ပွဲအခမ်း အနားကို  ယနေ့   နံနက်ပိုင်းက နေပြည်တော်ရှိ   ရုံးအမှတ် (၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး    ဝန်ကြီးဌာန၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီး မြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွား ဆက်သွယ်ရေး     ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် က ဆွေးနွေးပွဲကို  တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား အာဆီယံ - တရုတ် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်အရ ပြင်ဆင်ထားသော  စည်းမျဉ်းများ ကို   မိတ်ဆက်ရန်၊   ဌာနဆိုင်ရာ အရာထမ်းများ၏   ဘာသာရပ် ဆိုင်ရာ   အသိပညာတိုးတက်စေ ရန်၊   သီးသန့်  ကုန်စည်စည်းမျဉ်း များနှင့်      ပင်ရင်းသက်သေခံ လက်မှတ်ပုံစံများ၊ လုပ်ငန်းဆောင် ရွက်မှု အသိအမှတ်ပြုလုပ်ငန်းစဉ် များ၊   ဖွဲ့စည်းပုံ၊    ပင်ရင်းနိုင်ငံ စည်းမျဉ်းများနှင့်  ပတ်သက်သော လုပ်ငန်းများကို    ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန်နှင့် နား လည်သဘောပေါက်စေရန်၊ ကုန် သွယ်မှု  လွယ်ကူချောမွေ့စေရေး မြှင့်တင်ဆောင်ရွက်ရန်   ရည်ရွယ် ၍    ကျင်းပခြင်းဖြစ်ပါကြောင်း   ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Academy for Inter-national Business Officials (AIBO) ၏ ဒုတိယဥက္ကဋ္ဌ Mr. Lei Hao  က   မိတ်ဆက်အမှာစကား ပြောကြားပြီး ရန်ကုန်မြို့ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးသံမှူး Mr. Ouyang Daobing က အဖွင့် အမှာစကား ပြောကြားသည်။


ဆွေးနွေးပွဲသို့   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊   ရင်းနှီး မြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်း များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး နှင့် AIBO တို့မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့်  ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ    ဝန်ကြီးဌာနတို့မှ သင်တန်းသား ကိုယ်စားလှယ် ၃၅ ဦး     ပါဝင်တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် စက်တင် ဘာ ၁၅ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။    


တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့်   နိုင်ငံ တကာမှ      ကိုယ်စားလှယ်များ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်၍  အရည်အသွေးမြှင့်တင် ရေးဆိုင်ရာ  ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ   မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့ ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍ များမှ ကိုယ်စားလှယ် ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်