သီးသန့်အနားယူနိုင်မည့် ခရီးသွားစခန်းအသစ်ဖော်ထုတ်နေသည့် ငပလီကမ်းခြေမှ အဘဲရွာ 

 

ယဉ်လာဒ်၊  ဓာတ်ပုံ-ကိုဝေယံ

ပြည်တွင်းခရီးသွားဧည့်သည်တွေရဲ့ ခရီးသွားပုံစံတွေဟာ  ကိုဗစ်ကာလနောက်ပိုင်းမှာ   သိသိသာသာကို ပြောင်းလဲလာခဲ့ပါပြီ။ ခရီးသွားပုံစံ အပြောင်းအလဲတွေပေါ်   မူတည်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ဒေသခံစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေလည်း ပေါ်ထွက်လာခဲ့ပြီး အသစ်အသစ်သော ခရီးသွားစခန်း (Camping Site)တွေနဲ့ ခရီးသွားဧည့်သည် တွေကို ဆွဲဆောင်လာခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကတည်းက ခရီးသွားဧည့်သည်တွေရဲ့   ခရီးသွား ရောက်လည်ပတ်ကြတဲ့   အလေ့အထ ပုံစံတွေဟာ တော်တော်လေး ပြောင်းလဲ လာခဲ့ကြတာဖြစ်ပါတယ်။ လူသူများတဲ့ နေရာတွေထက် သဘာဝကို ပိုနှစ်သက် လာပြီး တောတောင်ရေမြေသဘာဝတွေ ဆီကို ခြေဦးလှည့်လာခဲ့ကြတာ  ဖြစ်ပါ တယ်။ 


ခရီးသွားအများစု စိတ်အဝင်စားဆုံး ကတော့  Camping   Site  တွေကို သွားလာလည်ပတ်ကြတာဖြစ်ပြီး မတူညီ တဲ့ဒေသနေရာ      ရှုခင်းအလှတွေကို မက်မက်မောမော သဘောကျလာခဲ့ကြ တာ ဖြစ်ပါတယ်။ ကြယ်တွေကြည့်တဲ့ Camping Site တွေ၊  လကိုကြည့်တဲ့ Camping Site တွေစသဖြင့် Camping Site ဖော်ဆောင်သူတွေဟာ ခရီးသွား တွေရဲ့အကြိုက်ကိုလိုက်ပြီး စီစဉ်လာခဲ့ ကြပါတယ်။ 


Camping  Site အသစ်တစ်ခု


အဲဒီလို Camping Site အသစ်တွေ အနက် နာမည်ကျော် ငပလီကမ်းခြေက နေ    နာရီဝက်ကျော်သာသွားရတဲ့ အဘဲ ရွာမှာ   ကိုယ်ပိုင်သီးသန့်ကမ္ဘာတစ်ခုလို နားနေနိုင်မယ့်  Camping    Site အသစ် တစ်ခုကို     ဖော်ဆောင်နေပြီလို့လည်း ဒီ Camping Site ကို   ဖော်ဆောင်သူ ဒေသခံ ကိုဝေယံက  စာရေးသူကို ပြောပြ ပါတယ်။ 


အဘဲ Camping   Site  ကို  အဘဲ ရေလယ်တံတားကနေ   လာရောက်ရင် ၁၅ မိနစ် ဝန်းကျင်လောက်ပဲကြာသလို ငပလီကနေ   သုံးဘီးဆိုင်ကယ်၊    ကား သို့မဟုတ် Boat Trip တွေနဲ့လည်း အဘဲ ရွာကို လာရောက်လည်ပတ်နိုင်ပါတယ်။ အဘဲရွာလေးက အိမ်ခြေ ၅၀ ပတ်ဝန်း ကျင်လောက်ရှိပြီး        ရခိုင်လူမျိုးအများစု     နေထိုင်ကြပါတယ်။ အဓိက အသက်မွေး ဝမ်းကျောင်းကတော့ လယ်ယာစိုက်ပျိုး ရေးနဲ့  မိရိုးဖလာ   တံငါလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ 


ငပလီမှာ အဘဲရွာက ပထမဆုံး


Trekking   လည်းမကျတဲ့    Mini Camping ပုံစံမျိုးလေးကို ဖော်ဆောင် တာကတော့ ငပလီမှာ အဘဲရွာက ပထမ ဆုံးလို့ ပြောလို့ရပါတယ်။   တောင်ပေါ် ရှုခင်းကြည့်သီးသန့်ပုံစံမျိုး ပြုလုပ်ထား တာဖြစ်ပြီး လင့်စင်၊ ဒန်း၊ ဝါးထိုင်ခုံတွေပါ ထည့်သွင်းထားရှိသွားမယ်လို့ ကိုဝေယံ က ဆိုပါတယ်။


အေးအေးလူလူ ကော်ဖီသောက်နိုင် တဲ့နေရာလေးတွေ၊ ထင်းရှူးပင်တန်းလေး တွေ၊ ကန်ပတ်လမ်းတွေပါ ပြုလုပ်ထား ပြီး ဥယျာဉ်ခြံကလည်း ကျယ်ဝန်းတာမို့ သီးသန့်အေးအေးဆေးဆေး လည်ပတ် နေချင်သူတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 


‘‘လက်ရှိမှာတော့ ဆောက်လုပ်နေဆဲ တွေဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ပြီးစီး တော့မှာပါ။ Private ဆန်ဆန် လည်ပတ် လို့ရမယ့် Trekking လည်း သိပ်မကျတဲ့ Mini Camping ပုံစံမျိုးလေးကို ပြုလုပ် သွားမှာဖြစ်ပါတယ်”လို့    ကိုဝေယံက ဆိုပါတယ်။ 
ငပလီကမ်းခြေဟာ  နာမည်ကျော် ကမ်း​ခြေတစ်ခုဖြစ်တာမို့     ခရီးသွား ဧည့်သည်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရ တဲ့  ကမ်းခြေတစ်ခုဖြစ်သလို   ငပလီ ကမ်းခြေဒေသမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်/တည်းခိုခန်း   အလုံးရေ   ၅၀ ဝန်းကျင် ရှိနေပါတယ်။ 


ထင်ရှားသည့်နေရာများ


အများစုကတော့ ငပလီရောက်ရင် လှပတဲ့ကျွန်းတွေကို လှေနဲ့သွားရောက် လည်ပတ်တဲ့ Boat  Trip  ကို  အဓိက လည်ပတ်ကြလေ့ရှိပါတယ်။  မိသားစု လိုက် သို့မဟုတ်   သူငယ်ချင်းတွေနဲ့ စုပေါင်းသွားလာကြလေ့ရှိပြီး ပင်လယ် ပြင်ရနံ့ကိုရှူရှိုက်ပြီး အနားယူရတာဟာ စိတ်ကို ခွန်အားဖြစ်စေတယ်။ ငပလီကမ်း​ခြေမှာ ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နေရာတွေ ကတော့ Blue  Lagoon,   ဆာဖာရီ ကမ်းခြေ  (snorkeling place)၊  အဘဲ ရေပေါ်တံတား၊   ပါရာဒိုက်စ်ကမ်းခြေ၊ တံငါရွာ၊   သဲဖြူကျွန်း၊    ပုလဲကျွန်းနဲ့ မီးပြတိုက်တို့ ဖြစ်ပါတယ်။ 


ငပလီရဲ့  ကျွန်းခရီးစဉ်    လည်ပတ် ဝန်ဆောင်မှု   Boat  Trip    ကိုလည်း လုပ်ဆောင်ပေးနေတဲ့ ကိုဝေယံက ခရီး သွားဧည့်သည်တွေအတွက် ဝန်ဆောင် မှုကို အဓိကထားပြီး လုပ်ဆောင်ပေးနေ တယ်လို့ ဆိုပါတယ်။ 


ရန်ကုန်ကနေ  ငပလီကို  ကားလမ်း သို့မဟုတ်  လေယာဉ်နဲ့    လာရောက် လည်ပတ်နိုင်သလို ဧရာဝတီတိုင်းဘက် ကနေလည်း သွားရောက်လည်ပတ်နိုင်ပါ တယ်။ ရန်ကုန် - ငါးသိုင်းချောင်းလမ်းမှာ လမ်းကြောင်းနှစ်ခုရှိပြီး     အများစုက တော့ လမ်းတိုတဲ့ ရန်ကုန်-ပန်းတနော်- ကျုံတနီး  -  ကျုံပျော်   -   ရေကြည် - ငါးသိုင်းချောင်းလမ်းကနေ ငပလီကို  ကားလမ်းနဲ့    သွားရောက်လည်ပတ်နိုင် ပါတယ်။     အနောက်ရိုးမတောင်တန်း  ဘက်ကနေ  ခရီးသွားရောက်  လည်ပတ် ချင်သူများအတွက်လည်း    အဆင်ပြေ စေနိုင်တဲ့  ရန်ကုန်-ငပလီ  တိုက်ရိုက် လမ်းကြောင်းလေးတစ်ခု ဖြစ်ပါတယ်။


ဒါကြောင့် ပြည်တွင်းပြည်ပခရီးသွား​ဧည့်သည်တွေရဲ့ ဦးစားပေးစိတ်ဝင်စား ခြင်းကိုခံရတဲ့   ကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေကို ရောက်ဖြစ်ခဲ့ရင် ငပလီ ကမ်းခြေဒေသရဲ့  ပထမဆုံး   သီးသန့် Camping Site   အဖြစ်   ဖော်ဆောင် လျက်ရှိတဲ့ အဘဲရွာ Camping Site ကို သွားရောက်လည်ပတ်နိုင်စေဖို့ ရေးသား ဖော်ပြလိုက်ရပါတယ်။       ။