တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်   စက်တင်ဘာ  ၉


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ   စားရေးနှင့်    သက်သာချောင်ချိမှုများအတွက် အထောက်အကူဖြစ်စေရန်    ယနေ့တွင်      မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။


ထိုသို့ရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက ဝမ်းသာအားရဝယ်ယူအားပေးကြကြောင်းနှင့် ယခုကဲ့သို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများ အား အထူးပင်ကျေးဇူးတင်ရှိကြကြောင်း သတင်းရရှိသည်။                                            

သတင်းစဉ်