နေကိုလေ့လာမည့် ဂြိုဟ်တုကို အိန္ဒိယ အောင်မြင်စွာလွှတ်တင်

 

နယူးဒေလီ    စက်တင်ဘာ    ၂


အိန္ဒိယနိုင်ငံ၏   ချန်ဒရာယန်း - ၃  လပေါ်သွား ယာဉ်သည်  လ၏  တောင်ဝင်ရိုးစွန်းအနီးတွင် ပထမ ဆုံးအကြိမ်      အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင်   နေကို    လေ့လာမည့်   ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ 
အဒိတျာ-အယ် ၁ ဟု   အမည်ပေးထားသည့် နေစူးစမ်းလေ့လာရေးအာကာသယာဉ်ကို စက်တင် ဘာ ၂ ရက်တွင် PSLV-C57 ဒုံးကျည်ဖြင့် လွှတ်တင် ခဲ့သည်။   အန်ဒရာပရာဒေ့ရှ်ပြည်နယ်  သီရိဟာရိ ကိုတာရှိ   ဆာတစ်ရှ်ဒါဟ်ဝန်  အာကာသစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။      


ဒုံးကျည်ဖြင့်  လွှတ်တင်မှုကို   ပြည်တွင်းရုပ်သံ မီဒီယာများတွင်သာမက အိန္ဒိယအာကာသ သုတေ သနအဖွဲ့အစည်း (အက်စ်ရို) ၏  ဆိုရှယ်မီဒီယာပလက် ဖောင်းများမှတစ်ဆင့်   တိုက်ရိုက်ထုတ်လွှင့်   ပြသ ခဲ့သည်။    နေစူးစမ်းလေ့လာရေး   ဂြိုဟ်တုခရီးစဉ်  ၏အကွာအဝေးမှာ   ကမ္ဘာမြေမှ ကီလိုမီတာ ၁ ဒသမ ၅   သန်း  အကွာတွင်ရှိပြီး    အဆိုပါနေရာသို့  ရောက် ရှိရန်   ရက်ပေါင်း ၁၂၅ ရက်နီးပါး   ကြာမြင့်မည်ဖြစ် သည်။   


ဂြိုဟ်တုရောက်ရှိရမည့်နေရာမှာ   နေနှင့်ကမ္ဘာ ကဲ့သို့ ကြီးမားသော  အရာဝတ္ထုကြီးနှစ်ခုကြား  ဆွဲငင် အားကို    အချင်းချင်းချေဖျက်ပြီး  အာကာသယာဉ် ပျံဝဲနေနိုင်သည့်နေရာဖြစ်သည်။  အဆိုပါနေရာတွင် ကမ္ဘာက   နေကိုလှည့်ပတ်သည့်  နှုန်းထားအတိုင်း နေကို  လှည့်ပတ်နိုင်မည်ဖြစ်သည်။   အဒိတျာ-အယ် ၁ အတွက်   ကုန်ကျစရိတ်မှာ   အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃၅ သန်း ကုန်ကျသည်ဟု သိရသည်။ 


နေ၏    ထူးဆန်းသောအရာများကိုရှာဖွေရန် အဒိတျာ- အယ် ၁ သည်   အိန္ဒိယ၏ ပထမဦးဆုံး အာကာသအခြေစိုက်    စူးစမ်းလေ့လာရေးခရီးစဉ် ဖြစ်လာမည်ဟု အက်စ်ရိုက အစောပိုင်းတွင် ကြေညာ  ခဲ့သည်။                         

ဆင်ဟွာ