ဟာရီကိန်းအီဒါလီယာကြောင့် လေကြောင်းခရီးစဉ်ပေါင်း ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ

ဝါရှင်တန်     ဩဂုတ်   ၃၁
ဟာရီကိန်း မုန်တိုင်း   အီဒါလီယာ သည် ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်း က    အမေရိကန်ကုန်းတွင်းပိုင်း သို့      ဝင်ရောက်လာသည့်အတွက်  အမေရိကန်      အရှေ့တောင်ပိုင်း တစ်လွှား    ခရီးသွားလာမှုများ   နှောင့်နှေးခဲ့ရပြီး လေကြောင်းခရီး စဉ်ပေါင်း ၉၀၀ ကျော် ဖျက်သိမ်း ခဲ့ရသည်။ 
ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်း တွင်   အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ     ဆောက်ဝက်စ် လေကြောင်းလိုင်းမှ ခရီးစဉ်ပေါင်း      ၂၀၀  ကျော် ဖျက်သိမ်းခဲ့ရသည်။  
အတ္တလန္တာ     အခြေစိုက် ဒယ်တာ    လေကြောင်းလိုင်းမှာ လည်း ခရီးစဉ်ပေါင်း  ၁၅၀ ဖျက် သိမ်းခဲ့ရသည်။      ဖလော်ရီဒါရှိ   ဂျက်ဆင်ဗီလ်နှင့် ဆဲရာဆိုတာရှိ      အသွားအပြန်  ပြေးဆွဲနေကြသည့် လေကြောင်း ခရီးစဉ်များကိုလည်း      ဖျက်သိမ်းခဲ့ရသည်။  
အဆိုပါမုန်တိုင်းမှာ ကုန်းတွင်း  ပိုင်းသို့      ဝင်ရောက်လာသည်နှင့်  သက်ရောက်မှုများ    ရှိလာနိုင် သည့်အတွက် ခရီးသွားများအနေ ဖြင့် လေဆိပ်သို့မသွားမီ   မိမိတို့  ၏     ခရီးစဉ်များကို   စစ်ဆေးကြ ရန်  လေကြောင်းပျံသန်းမှု   ဗဟို ကွပ်ကဲရေးအဖွဲ့က  ဩဂုတ် ၃၀ ရက်တွင် ပြောသည်။ 
အမျိုးသားမီးရထား ကော်ပို ရေးရှင်းဖြစ်သည့်     အမ်ထရပ်ခ် သည်လည်း ဖလော်ရီဒါနှင့်ပြေးဆွဲ နေသည့်    ရထားခရီးစဉ်များကို   ဖျက်သိမ်းခဲ့သည်။    မုန်တိုင်းဖြစ် ပွားသည့်နေရာများကို ရှောင်ရှား ရန်အတွက် လမ်းကြောင်းချုံ့ခြင်း များလည်း ပြုလုပ်ခဲ့သည်။ 
ဆင်ဟွာ