ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ထိုင်းနိုင်ငံ၏ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်နေမှုကို သွားရောက်လေ့လာ

 

နေပြည်တော်  ဩဂုတ်   ၂၆


မြန်မာနိုင်ငံ  မူးယစ်ဆေးဝါးနှင့် စိတ်ကို            ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်   တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့     အတွင်း ရေးမှူး၊  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်      ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ         မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့     (ONCB)၊ အထွေထွေ    အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon ၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် တာချီလိတ် မြို့      မြန်မာ-ထိုင်း   အမှတ် (၂) ချစ်ကြည်ရေး   တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ        ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့သို့   သွားရောက်ကြ သည်။


ကိုယ်စားလှယ်      အဖွဲ့သည် ထိုင်းနိုင်ငံ       ချင်းရိုင်ပြည်နယ် ဒွယ်တုံး (Doitung)  ဒေသရှိ ဘိန်း စိုက်ပျိုးမှုရှိခဲ့သည့်     တောင်တန်း ဒေသမှ    တိုင်းရင်းသားများ၏ ဆင်းရဲနွမ်းပါးမှု         လျှော့ချရန် နဝမမြောက်  (KING  RAMA  9) ထိုင်းဘုရင့်မယ်တော်၊  ထိုင်းနိုင်ငံ အစိုးရနှင့်        မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)  တို့၏ ပံ့ပိုးကူညီမှုဖြင့်    ၁၉၉၈  ခုနှစ်မှ စတင်၍  မယ့်ဖားလုံ    (Mae Fah Luang) ဖောင်ဒေးရှင်းမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့်     ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးမှု        လုပ်ငန်းများ ဖြစ်သည့်        နှစ်ရှည်သီးနှံများ စိုက်ပျိုးမှု၊ စိုက်ပျိုးရေးနည်းပညာ များ       လေ့ကျင့်သင်ကြားပေးမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ   ထုတ် လုပ်မှု၊     စီးပွားရေးသစ်တောနှင့် ပတ်ဝန်းကျင်       ထိန်းသိမ်းရေး လုပ်ငန်းများ     ဆောင်ရွက်မှု၊ စီမံကိန်း၏    အခြေခိုင်မာအောင် ၂၀၅၁   ခုနှစ်အထိ   အစီအမံများ ချမှတ်၍  အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို      သွား ရောက် လေ့လာကြသည်။ 


ထို့နောက် ထိုင်းနိုင်ငံ ချင်းရိုင် ပြည်နယ်  ချင်းဆိုင်မြို့ရှိ   မူးယစ် ဆေးဝါး       ထိန်းချုပ်ရေးအဖွဲ့ (ONCB)  ၏ နိုင်ငံတကာ မူးယစ် ဆေးဝါးထိန်းချုပ်ရေး   ကောလိပ် (International     Narcotics Control Colledge-INCC)   နှင့် ဘေးကင်းလုံခြုံသော     မဲခေါင် ပေါင်းစပ်ညှိနှိုင်းရေး     စင်တာ (Safe    Mekong   Cooperation Centre-SMCC) ၌ မဲခေါင်အဖွဲ့ဝင် ခြောက်နိုင်ငံမှ တာဝန်ထမ်းဆောင် လျက်ရှိသည့်     ကိုယ်စားလှယ် အရာရှိများ၏       သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်နေမှုများကို သွားရောက်လေ့လာကြသည်။


ဩဂုတ် ၂၃ ရက်တွင် ချင်းရိုင် ပြည်နယ် မယ့်အိုင်မြို့ရှိ  Roi Jai Rak    (ရွိုင်ဂျာရတ်)   စီမံကိန်းသို့ ထိုင်းနိုင်ငံတော်ဝင်      ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်များဖြင့် သွားရောက် ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့    (ONCB)   ၏     ပံ့ပိုးမှုဖြင့် မယ့်ဖားလုံ    (Mae  Fah Luang) ဖောင်ဒေးရှင်းက  ၂၀၁၈ မှ ၂၀၂၉ ခုနှစ်အထိ     စီမံချက်ချမှတ်၍ ရေလုပ်ငန်း၊ စိုက်ပျိုးမြေ   မြေဆီ လွှာပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း၊ သစ်တောပြန်လည် ပြုစုပျိုးထောင် ရေး၊  တိရစ္ဆာန်မွေးမြူရေး၊ လက်မှု လုပ်ငန်းများဖွံ့ဖြိုးရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ    တီထွင်ကြံဆ လုပ်ကိုင်ခြင်း၊     ခရီးသွားလာရေး လုပ်ငန်းများ     ဆောင်ရွက်နေမှု များနှင့်      ထိုင်းနိုင်ငံ       လမ်ပန် ပြည်နယ်ရှိ အမှတ်(၅) ရဲမှုခင်းသိပ္ပံ တွင်    လက်နက်ဆိုင်ရာ   စာရင်း  သွင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာစစ်ဆေးဆောင်ရွက်နေမှုတို့ကို     လေ့လာ ဆွေးနွေးကြသည်။


ဩဂုတ် ၂၄ ရက်တွင်  ထိုင်း နိုင်ငံ  ချင်းမိုင်မြို့ရှိ  Doi Inthanon Royal Project တွင် ဈေးကွက်ဝင် ပြည်ပငါးမျိုးများ    မွေးမြူရေး အစားထိုး      ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေမှုများကို လေ့လာ ပြီး မြန်မာနိုင်ငံ    ဘိန်းစိုက်ပျိုးမှု ရှိသည့် ဒေသများတွင်  အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ      ဆောင် ရွက်ရန်၊ မြန်မာ-ထိုင်း  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်     အခြေ အနေများကို   ဆွေးနွေးကြသည်။ ယင်းနောက်   ကိုယ်စားလှယ်အဖွဲ့ သည် ချင်းမိုင်မြို့ရှိ   အမှတ်   (၅)ဒေသ      ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်၍      ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု၊ မူးယစ်ဆေးဝါး တရားခံပြေးများ နှင့်     ကွင်းဆက်တရားခံများကို သတင်းဖလှယ်      ဆောင်ရွက်မှု၊ မှုခင်းများကို ၂၀၁၁ ခုနှစ်မှစတင်၍ နည်းပညာသုံး       ဖော်ထုတ် ဆောင်ရွက်နေမှု၊           တရားမဝင် ငွေကြေး         စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကို  လေ့လာ ကြသည်။ 


ဩဂုတ် ၂၅ ရက်တွင် ကိုယ်စား လှယ်အဖွဲ့သည်   ချင်းမိုင်ပြည်နယ် အမှတ်(၃၃၃) ဒွယ်စကေ့ သေနတ် ပစ်ကွင်းသို့     သွားရောက်ပြီး ရဟတ်ယာဉ်၊ မော်တော်ယာဉ်များ ဖြင့်      ဓားစာခံကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု၊       မူးယစ် ဆေးဝါးများ       သိမ်းဆည်းနိုင်ရေး ဆောင်ရွက်မှု၊     သေနတ်ပစ်ကွင်း တွင် သရုပ်ပြဆောင်ရွက်မှုများကိုကြည့်ရှုလေ့လာပြီး    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ       သင်တန်းသားများ စေလွှတ်      တက်ရောက်နိုင်မည့် အခြေအနေများ၊       နှစ်နိုင်ငံ ရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင် ရွက်မည့် ကိစ္စရပ်များ၊ ဒေသတွင်း မူးယစ်ဆေးဝါး       ဖမ်းဆီးနိုင်မှု အခြေအနေ၊    ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှု ပူးပေါင်း ထိန်းချုပ်ရေး၊     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊  သိမ်းဆည်း ရမိသည့်  မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ    စနစ်တကျ ဖျက်ဆီးဆောင်ရွက်ရေး၊  တပ်ဖွဲ့ ဝင်များ၏    စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်   နှစ်နိုင်ငံ ပူးပေါင်း       ဆောင်ရွက်မှုများ ကြောင့်         မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တိုးတက်လာသည့် အခြေအနေများ၊  နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ် ရေးလုပ်ငန်းများကို     ပိုမိုတိုးမြှင့် ဆောင်ရွက်မည့်     အခြေအနေ တို့ကို ဆွေးနွေးကြသည်။  


မြန်မာ    ကိုယ်စားလှယ်အဖွဲ့ သည် ဩဂုတ် ၂၅ ရက် ညနေပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့   ပြန်လည်ရောက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်