စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား ၁၈-၈-၂၀၂၃ ရက်​က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ CRI Myanmar သတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ ပြည်ထောင်စုဝန်ကြီးက ကွမ် ကျိုးခရိုင်ရဲ့ တယ်ဟုန် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင်တွေ ရှိပါသလဲ။ ပြီးတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဘယ်လိုအတွေး အခေါ်တွေ ရှိပါသလဲရှင်။ ဖြေ။ ။ ကျွန်တော်ပြီးခဲ့တဲ့ မေလတုန်း က ယူနန်ကို တစ်ခေါက် ရောက်ပါတယ်။ ဒီရောက်ရင်းနဲ့ ကျွန်တော် တယ်ဟုန်ကိုသွားပြီး  တယ်ဟုန်ဒေသ မှာ ကျွန်တော်တို့နှစ်နိုင်ငံ လုပ်နေတဲ့ နယ်စပ်ကုန်သွယ်မှုကိစ္စတွေကို သွား ရောက်ပြီးတော့ ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းပေးခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက မူဆယ်နဲ့ ရွှေလီမှာ ကျွန်တော်တို့ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အဲဒါကနှစ်နိုင်ငံအစိုးရတွေ သဘောတူညီ ထားပြီးသားဖြစ်ပါတယ်။ ဒါ​ပေမယ့် ကိုဗစ်-၁၉ ကပ်​ရောဂါ ဖြစ်ပွားတော့ လုပ်ငန်းတွေက ရှေ့သိပ်ပြီးတော့ ခရီး မရောက်ခဲ့ဘူး။ ဒါကြောင့်မို့ ကျွန်တော် တို့က နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာ နိုင်ငံဘက်မှာ လိုအပ်တဲ့ ကော်မတီ၊ ဝန်ကြီးဌာနအသီးသီးက ပုဂ္ဂိုလ်တွေပါတဲ့ ကော်မတီတွေ ကျွန်တော်တို့ ဖွဲ့စည်းထား ပါတယ်။ အဲဒီကို ကျွန်တော်တို့ကော်မတီ က တရုတ်နိုင်ငံက ဖွဲ့ထားတဲ့ကော်မတီနဲ့ ပူးပေါင်းပြီး ဆက်လက်အကောင်အထည် ဖော်မှာပါ။ အဲဒီတော့ ကျွန်တော်တို့ က နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်ဆိုတာ တကယ်တမ်း တော့ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ကြီး တစ်ခု ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ အဲဒီ ဟာက နှစ်နိုင်ငံလုံးအတွက် ကုန်သွယ်မှု အတွက်ရော၊ ရင်းနှီးမြှုပ်နှံမှုအတွက် ရော များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း နှစ်နိုင်ငံနယ်စပ်မှာနေတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အများကြီးကောင်းတဲ့ အစီအမံဖြစ်ပါတယ်။ အဲဒီတော့အနာဂတ် မှာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့ နယ်စပ်ဒေသစီးပွားရေး လွတ်လပ်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဇုန်နဲ့ ဆက်စပ်ပြီး အများကြီးတိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ မေး။ ။ အချို့သော အနောက်နိုင်ငံများ က Belt & Road အဆိုပြုချက် နာမည်ရှိခြင်းဖြင့် တရုတ်နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်ချင်နေကြပါ တယ်။ Belt & Road အဆိုပြုချက်အပေါ် ဘယ်လိုမြင်ပါသလဲရှင်။  အခုနှစ်က Belt Road အဆိုပြုချက် ကျင်းပခဲ့တဲ့ (၁၀) နှစ်ပြည့်ဖြစ်ပါတယ်။ တရုတ်-မြန်မာ Belt & Road အတူတကွ တည်ဆောက် ရာမှာ ဘယ်လိုထင်ရှားတဲ့ ရလဒ်တွေ ရရှိခဲ့ပါသလဲ။ မြန်မာနိုင်ငံ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုအကျိုး ပြုနေပါတယ်လို့ ယူဆပါသလဲရှင်။ ဖြေ ။ ။ Belt & Road စီမံကိန်းက အင်မတန် ကောင်းမွန်တဲ့ စီမံ ကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Belt & Road နဲ့ ပတ်သက်ပြီး အထူး သဖြင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကို အချို့နိုင်ငံတွေက ပုံရိပ်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ Belt & Road အပေါ် မှာ လူတွေ အထင်အမြင်လွဲအောင် လှုံ့ဆော်မှုတွေ လုပ်နေကြတာရှိလာပါ တယ်။ သတင်းတွေ၊ မီဒီယာတွေကို အားပြုပြီးတော့ သတင်းတွေ အမျိုးစုံ ထုတ်ခဲ့တယ်။ အထူးသဖြင့် Belt & Road Initiative က တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကြွေးမြီထောင်ချောက်ထဲကို ရောက်အောင် တွန်းပို့​နေတယ်ဆိုပြီး မဟုတ်မမှန် သတင်းလွှင့်ပါတယ်။Belt& Road စီမံကိန်းက ဆယ်စုနှစ်၊ လိုအပ်ရင် ရာစုနှစ် ဒီလောက်ထိလုပ်ရမယ့်လုပ်ငန်း ဖြစ်ပါတယ်။ ချက်ချင်းအကျိုးအမြတ် ပေါ်ဖို့မဖြစ်နိုင်ဘူး။ သို့သော်လည်း ချက်ချင်းအကျိုးအမြတ် မပေါ်တာလေး ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်ပြည်ရဲ့ ထောင်ချောက်ကို တွန်းပို့​နေတယ်ဆိုပြီး မမှန်မကန် ​ ပြောဆို​နေတာကို တွေ့ရ တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း Belt & Road စီမံကိန်းနဲ့ ပတ်သက်ပြီး ပါဝင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရ သဘောတူ ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Belt & Roadနဲ့ ပတ်သက် ပြီးတော့ အစိုးရက လိုအပ်တဲ့ ကော်မတီ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံက  Belt & Road Initiative  မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိ မယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလုပ်နေတာရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက အဓိကကတော့ တရုတ်နိုင်ငံ၊ တယ်ဟုန်-မူဆယ်-ရွှေလီ- မန္တလေးအထိ ရထားလမ်းကတော့ လူလည်းစီးလို့ရမယ်၊ ကုန်တင်လို့ရမယ်။ နောက်တစ်ခါ မန္တလေးကနေပြီးတော့ ကျောက်ဖြူအထိ ရထားလမ်းတစ်လမ်း၊ မန္တလေးမှရန်ကုန်အထိ ရထားလမ်း တစ်ခု၊ ဒီလိုဟာမျိုး ဒီစီမံကိန်းတွေထဲမှာ ပါတယ်။ အဲဒီစီမံကိန်းနဲ့ ဆက်စပ်ပြီး စင်္ကြံတစ်လျှောက် ပြန်လည်ဖွံ့ဖြိုးမှုစီမံ ကိန်းတွေလည်းပါတယ်။ သို့သော် ဒီစီမံ ကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်း ကြီး ဖြစ်ပါတယ်။ အဲဒါအတွက် ကျောက်ဖြူစီမံကိန်းက မကြာမီစတင် မယ့်အခြေအနေကို ရောက်နေပါတယ်။ စီမံကိန်းကြီးက တစ်ပြိုင်နက်တည်း သွားမယ်။ မြန်မာနိုင်ငံအတွက် ကုန်သွယ် မှုအတွက်ရော၊ အလုပ်အကိုင်အတွက် ရော အများကြီး အကျိုးအမြတ်ရရှိမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မေး။ ။ မြန်မာနိုင်ငံ အထည်ချုပ်စက်မှု လုပ်ငန်းရဲ့ အဓိကအားသာ ချက်က ဘာတွေဖြစ်မလဲလို့ ထင်ပါသလဲ။  တရုတ်-မြန်မာနှစ်နိုင်ငံ အထည်ချုပ် လုပ်ငန်းက RCEP စတဲ့ ယန္တရားတွေရဲ့ အောက်မှာ တံခါးဖွင့်လျက် ဘယ်လို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေပါသလဲ။ ဖြေ။ ။ အထည်ချုပ်လုပ်ငန်းကမြန်မာ နိုင်ငံရဲ့ အားသာချက်က နံပါတ်(၁) ကျွန်တော်တို့ဆီမှာ လူငယ် လုပ်သားအင်အား အလုပ်လုပ်နိုင်တဲ့ လူတွေအများကြီးရှိပါတယ်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းထဲမှာ မြန်မာအမျိုး သမီးအများကြီး အလုပ်လုပ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုံလောက် တဲ့ လုပ်သားအင်အား အများအပြားရှိပါ တယ်။ နံပါတ်(၂) အထည်ချုပ်လုပ်ငန်းမှာ လုပ်တဲ့ အမျိုးသမီးတွေအများစုကလည်း အနည်းဆုံး အခြေခံပညာအလယ်တန်း၊ အထက်တန်းလောက်တတ်ကြပါတယ်။ တချို့လည်းဘွဲ့ရတယ်။ ပညာအရည် အချင်းက အတိုင်းအတာတစ်ခုထိ တတ်မြောက်ထားကြပါတယ်။ နောက် တစ်ချက်ကတော့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေက သင်ရပြုရတာ လွယ်ကူ တယ်။ ကျွန်တော်မြန်မာနိုင်ငံမှာ အထည် ချုပ်လုပ်ငန်းတွေလုပ်နေတဲ့ လုပ်ငန်းရှင် တွေနဲ့ ခဏခဏတွေ့ဖြစ်ပါတယ်။ တွေ့ဖြစ်တိုင်း ကျွန်တော်မေးတယ်၊ မြန်မာနိုင်ငံက လုပ်သားတွေ ဘယ်လို နေလဲ၊ သူတို့ပြောတာက မြန်မာနိုင်ငံက လုပ်သားတွေက သင်ရတာ ခဏလေးနဲ့ တတ်တယ်။ ကျန်တဲ့နိုင်ငံတွေမှာ အချိန် ယူရတဲ့ကိစ္စဆို မြန်မာလူမျိုးတွေက ခဏလေးနဲ့ တတ်မြောက်တယ်။ နောက် တစ်ခုက အားလုံးက အလုပ်ကြိုးစား တယ်။ ဒါက မြန်မာနိုင်ငံရဲ့ အားသာ ချက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေ မှာ ဘာတွေအားသာချက်ရှိလဲဆိုတော့ မြန်မာနိုင်ငံကချုပ်တဲ့ အထည်တွေကို ဥရောပနိုင်ငံကို Duty Free , Quota Free အကောက်ခွန်လည်း ဆောင်စရာမလို ဘူး၊ အရေအတွက်လည်း အကန့်အသတ် မရှိဘူး၊ ကျွန်တော်တို့က ပို့ပေးလို့ရတယ်။ ကျွန်တော်တို့ အထည်ချုပ်ကဏ္ဍမှာ ကြည့်လိုက်ရင် အနောက်နိုင်ငံ ကုမ္ပဏီ ကြီးတွေက လာရောက်ပြီး ဆောင်ရွက် နေတာ အများကြီးရှိတယ်။ အထူးသဖြင့် ဟောင်ကောင်လည်းလာတယ်၊ ကိုရီး ယားလည်းလာတယ်၊ ဂျပန်လည်း လာ တယ်၊ တရုတ်နိုင်ငံလည်း လာတယ်။ အခုလည်း ထပ်ပြီးတော့ လုပ်ငန်းတွေ ထပ်မံတိုးချဲ့ပြီး လုပ်နိုင်ဖို့ လျှောက်ထား တာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒါက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်တယ်။  နောက်တစ်ခုက RCEP မပေါ် ခင်ကတည်းက အာဆီယံနဲ့ဂျပန်၊ အာဆီ ယံနဲ့ ကိုရီးယား၊  အာဆီယံနဲ့ တရုတ်၊ အာဆီယံနဲ့ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ သဘောတူညီချက်တွေ ရှိထားခဲ့ ပြီးသား၊ အဲဒီကတည်းက မြန်မာနိုင်ငံရဲ့ အထည်တွေက အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နိုင်ငံတွေကို လွတ်လွတ် လပ်လပ်နဲ့ အရေအတွက်များများစားစား တင်ပို့တာ တွေ့ရပါတယ်။ ကျွန်တော်တို့ အထည်ချုပ်ကဏ္ဍက  တော်တော်လေး ကြီးထွားလာတယ်။ မနှစ်က ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကနေ ပြီးတော့မှ နိုင်ငံခြားကိုတင်ပို့တဲ့ တန်ဖိုး ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ လောက် ရှိပါတယ်။ အဲဒီ တော့ အထည်ချုပ်ကဏ္ဍအများကြီး အလားအလာကောင်းပါတယ်။ မေး။ ။ သမ္မတရှီကျင့်ဖျင်က ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်ထဲမှာ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်းကို ဆွဲကိုင်ထားတဲ့ ပြည်သူလူထုဗဟိုပြုခြင်းကို ဆွဲကိုင် ထားခြင်း၊ လူသားနှင့်သဘာဝ သဟ ဇာတဖြစ်စွာ အတူယဉ်တွဲနေထိုင်ရေးကိုဆွဲကိုင်ထားခြင်း အဲဒီမှာထည့်သွင်း ပြောကြားခဲ့တယ်။ အဆိုပါ ဆွဲကိုင်ထား ခြင်းသုံးရပ်အပေါ် ဘယ်လိုယူဆပါ သလဲ။  ပြီးတော့ တရုတ်နိုင်ငံက အဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လို ယူဆပါသလဲ။ မြန်မာနိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရာမှာ ပတ်ဝန်းကျင် မထိခိုက်ဖို့ ဘယ်လိုဆောင်ရွက်ချက်တွေ ရှိပါသလဲ။ ဖြေ။ ။ ပထမဆုံး သမ္မတကြီးရှီကျင့် ဖျင် ရဲ့ Global Development Initiative ဒါလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတွေတော်တော်များများ လက်ခံ ထားတဲ့ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်ခုတည်းမကြည့်ဘဲ အားလုံးမျှမျှ တတ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့  နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန် ကျယ်ပြန့်ပြီး အမြော်အမြင် ရှိတဲ့ အစီအစဉ်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ Global Development Initiative ဟာ တစ်ကမ္ဘာလုံးအတွက် သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ အမြော်အမြင်ကြီးမားမှု တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဗဟိုပြုတဲ့ အစီအစဉ်ဟာ နိုင်ငံတိုင်းက မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အစီအစဉ်ဖြစ်ပါတယ်။ အခု ၂၁ ရာစု ဆိုရင် ပြည်သူလူထုရဲ့အခန်းကဏ္ဍဟာ ပိုပြီးအရေးကြီးလာပါတယ်။ အရေးကြီး လာတော့ ပြည်သူလူထုကို ဦးစားပေးပြီး၊ ဗဟိုပြုပြီးတော့ စဉ်းစားတာဟာ အင်မတန်ကောင်းပါတယ်။ နောက် သဘာဝပတ်ဝန်းကျင်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ဂရုမစိုက် ခဲ့တဲ့အတွက် အဲဒီအကျိုးဆက်တွေဟာ ဒီနေ့မှာ ရာသီဥတုဖောက်ပြန်တာတွေ၊ ရာသီဥတုပြောင်းလဲတာတွေ ဒါတွေရဲ့ အကျိုးဆက်တွေ အများကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မျှမျှတတဆောင်ရွက် တာ အင်မတန်ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရောက်တဲ့အခါ နေရာတိုင်း သွားကြည့်လိုက်ရင် ပတ်ဝန်း ကျင်ထိန်းသိမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် တရုတ်အစိုးရက ကြိုးစားလုပ်ဆောင်နေတာ တွေ့ရတာ အများကြီး နမူနာယူဖို့ ကောင်းပါ တယ်။  ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့ အစီအစဉ်တစ်ခုအနေနဲ့ ထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စက်ရုံ တွေ တည်ဆောက်တဲ့အခါ   လူနေ အဆောက်အဦတွေ၊ ကုန်တိုက်တွေ၊ ဟိုတယ်တွေ စသဖြင့် တည်ဆောက်တဲ့ အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဥပဒေ အရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တွေကို မဖြစ်မနေလုပ်ရ မယ်လို့ ဥပဒေအရပြဋ္ဌာန်းထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုကို အရေးကြီးတဲ့ကဏ္ဍ တစ်ရပ်အနေနဲ့ ဆောင်ရွက်နေပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ Global Development Initiative နဲ့ အတော်လေး သဟဇာတ ဖြစ်ပါတယ်။ ​မေး။ ။ (၇) ကြိမ်မြောက် တရုတ်- တောင်အာရှ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံဟာ အဓိကဧည့်သည်တော် နိုင်ငံအနေနဲ့ ဘာတွေပြင်ဆင်မှုလုပ်ခဲ့ သလဲ၊ ကမ္ဘာကြီးဆီကို မြန်မာနိုင်ငံရဲ့ စွမ်းဆောင်မှုကို ဘယ်လိုပြသတင်ဆက် ထားပါသလဲ။ ဖြေ။ ။ ကျွန်တော်တို့က တရုတ် - တောင်အာရှ ကုန်စည်ပြပွဲမှာ နှစ်စဉ် ပါဝင်ပြသပါတယ်။ ဟိုးအရင် ကူမင်း ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲမှာ လည်း နှစ်တိုင်း မြန်မာနိုင်ငံက ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မေလက လာတဲ့အခါ မှာ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူးနဲ့ နေ့လယ်စာ အတူသုံးဆောင်တဲ့အခါမှာ ဒီနှစ်မှာ မြန်မာနိုင်ငံကို ဂုဏ်ထူးဆောင် နိုင်ငံအဖြစ် ရွေးချယ်ထားတယ်ဆိုတာ ကိုလည်း သတင်းကောင်းလေးပြောလိုက် ပါတယ်။ မြန်မာနိုင်ငံကလည်း ဒီဟာ အတွက် သေချာလေးကို ပြင်ဆင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုန်စည်တစ်ခုတည်း ပြသရုံသာမကဘဲ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့၊ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှု၊ မြန်မာလူမျိုးတွေရဲ့ မိမိစားသုံးသူပေါ်မှာ စေတနာထားမှု ဒါတွေအားလုံး ပေါင်းစပ် ပြီးတော့ ပြင်ဆင်ပါတယ်။ ပါဝင်ပြသတဲ့ ပုဂ္ဂိုလ်တွေလည်း ၁၂၀ ကျော် လောက်ရှိ ပြီး တော်တော်လေးများပါတယ်။ ကျွန်တော်တို့ဘက်က  ပါဝင်ပြသသူတွေ အပြင် သက်ဆိုင်ရာ ဌာနတွေကအရာရှိ တွေလည်း အများကြီးပါပါတယ်။ ကိုယ့် ကဏ္ဍအလိုက်၊ ကဏ္ဍအလိုက် လုပ်ကြ ပါတယ်။ ကျွန်တော့်ဝန်ကြီးဌာနကလည်း အရာရှိတွေ အများကြီးပါတယ်။ နောက်ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ဖျော်ဖြေတဲ့အဖွဲ့၊ ရိုးရာအက ကတဲ့အဖွဲ့ တွေ၊ အနုပညာရှင်တွေက ယဉ်ကျေးမှု အကပဒေသာများကို နေ့စဉ် ကပြ ဖျော်ဖြေပေးပါတယ်။ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လက်ပါဝင်မှာဖြစ်ပါတယ်။ တစ်နှစ် ထက်တစ်နှစ် ပိုပြီးတော့ မြန်မာ ထုတ်ကုန်တွေနဲ့ ခရီးသွားကဏ္ဍမြှင့်တင် ရေးလုပ်ငန်းတွေကို ပိုပြီးဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။