မြန်မာ့အထည်ချုပ်ကဏ္ဍ အခြေအနေတိုးတက်ကောင်းမွန်ရန် ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ပြန်

 

ရန်ကုန်   သြဂုတ်   ၂၆


မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) သည်  H&M  Group က  မြန်မာနိုင်ငံမှ ချုပ်ထည်အမှာစာပစ္စည်းများ    ဝယ်ယူ ခြင်းအား တစ်ဆင့်ချင်းအလိုက်   ရုပ်သိမ်းရန်   ဆုံးဖြတ်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ် ၁၇ ရက်ထုတ် Reuters သတင်းဆောင်းပါးမှတစ်ဆင့် သိရှိရသည်။   


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည်    ဤကဲ့သို့    မမျှော်မှန်းထားသော ဖြစ်ပေါ်ပြောင်းလဲမှုသတင်းစကားကို ဖတ်ရှုရသည့် အတွက် စိတ်မကောင်းဖြစ်ရပါသည်။   ထိုသို့သော ဆုံးဖြတ်ချက်များသည်  စိန်ခေါ်မှုရှိသောစီးပွားရေး အခြေအနေများကြားတွင်  အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် စက်ရုံများရှိ  ဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းကို   များစွာထိခိုက်စေမည် ဖြစ်သည်။


တိုးတက်ကောင်းမွန်လာစေရေးဆောင်ရွက်


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ကို ၂၀၀၂ ခုနှစ် တည်ထောင်ခဲ့ချိန်က စတင်ပြီး ကဏ္ဍ အသီးသီးမှ အကျိုးသက်ဆိုင်သူများ၊ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီများ၊    နိုင်ငံတကာမိတ်ဖက်များနှင့် နာမည်ရကုန်အမှတ်တံဆိပ်လုပ်ငန်းများဖြင့် မြန်မာ့ အထည်ချုပ်စက်ရုံများ၏အခြေအနေများကို တိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။


MGMA သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက စတင်၍ Voluntary Labour Compliance Assess-ment(VLCA) ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး အဖွဲ့ဝင်စက်ရုံများ၏   အမျိုးသားအလုပ် သမား ဥပဒေများနှင့်    နိုင်ငံတကာအလုပ်သမားဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ပတ်သက်၍   လိုက်နာမှုရှိ မရှိ   ဆန်းစစ်အကဲဖြတ်မှုများကို   ဆောင်ရွက်နေပါ သည်။  အကဲဖြတ်မှုများ   အရှိန်မြှင့်ရန်နှင့်   စာရင်း သွင်းမှုကို  တိုးချဲ့ရန်အတွက်   Online Version ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ ယခုအချိန် အထိ စက်ရုံပေါင်း ၂၂၀ ကျော်အတွက် အကဲဖြတ်မှု အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီး စက်ရုံပေါင်း ၁၀၀ ကျော်ကို အကဲဖြတ်မှုလုပ်ငန်းစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။


MGMA သည် အလုပ်သမားများ၏ အလုပ်အကိုင် နှင့် စားဝတ်နေရေးဆိုင်ရာကိစ္စရပ်များကို အထည် ချုပ်ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသည့် အကျိုးသက်ဆိုင်သူ များအားလုံးနှင့် အပြုသဘောဆောင်သည့်ပူးပေါင်းမှု များ    တိုးမြှင့်ဆောင်ရွက်ရန်   ဆွေးနွေးလျက်ရှိ ပါသည်။ 


အမြဲတမ်းနှိုးဆော်တိုက်တွန်း


MGMA သည် အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ် အထည်အပ်နှံသူများနှင့်   ပြည်တွင်းစက်ရုံများနှင့် ပြည်တွင်းတွင်   တည်ထောင်ထားသော   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု   စက်ရုံများအကြား    တာဝန်ယူစွာ လက်တွဲပူးပေါင်းမှု ခိုင်မြဲစေရန် အမြဲတမ်းနှိုးဆော် တိုက်တွန်းလျက်ရှိပါသည်။ MGMA သည် လက်တွေ့ မြေပြင်တွင် လုပ်ကိုင်နေသည့်  လုပ်ငန်းကဏ္ဍအဖွဲ့ အစည်းဖြစ်ပြီး  ၂၀၀၀ ပြည့်နှစ်   အစောပိုင်းတွင် အလားတူထွက်ခွာမှုများ၏    အနုတ်လက္ခဏာဆောင် သော သက်ရောက်မှုများကို မျက်ဝါးထင်ထင်တွေ့ကြုံ ခဲ့ရပြီး  ဖြစ်ပါသည်။  အပြည်ပြည်ဆိုင်ရာကုန်အမှတ် တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာ ဆက်လက် တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု MGMA က အခိုင်အမာယုံကြည် ပါသည်။  MGMA   သည်   သိန်းပေါင်းများစွာသော ငယ်ရွယ်သည့် အမျိုးသမီးအလုပ်သမားများ၏    ဘဝ အခြေအနေ တိုးတက်မှုနှင့်စပ်လျဉ်း၍ ဂုဏ်သိက္ခာ ရှိသော  အသက်မွေးဝမ်းကျောင်းပညာများဖြင့်   ပံ့ပိုး ပေးလျက်ရှိရာ   ဤအရေးပါသောအခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိသည်။ တာဝန်ယူမှုဖြင့် ဆက်လက်ပူးပေါင်းဆောင် ရွက်နေမှုသည် လက်ရှိ အလုပ်အကိုင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေ မည်ဟု ယုံကြည်ပါသည်။ 


ဆက်လက်လုပ်ဆောင်သွားမည်


MGMA သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်များ၊ မိတ်ဖက်များ နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အမြဲအဆင်သင့် ရှိနေပြီး အထည်ချုပ်လုပ်ငန်းရှင်များနှင့် အလုပ်သမား များအားလုံးအတွက်   မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေ         တိုးတက်ကောင်းမွန်လာစေရန် ဆက်လက်     လုပ်ဆောင်သွားမည်ဖြစ်ကြောင်း    မြန်မာနိုင်ငံ   အထည်ချုပ်လုပ်ငန်းရှင်များအသင်း  (MGMA) က  ကတိပြုကြေညာချက်ကို ၂၀၂၃  ခုနှစ်  သြဂုတ်လ   ၂၅ ရက်နေ့က  ထုတ်ပြန်ထားကြောင်း သိရသည်။                    

မျိုးမင်းသူရ