
မော်စကို ဩဂုတ် ၂၅
မော်စကိုအနီး လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သော ဝက်ဂ်နာကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်နှင့် လေယာဉ်ပျက်ကျမှုတွင် နစ်နာခဲ့ သူများ၏ ကျန်ရစ်သူမိသားစု များနှင့် ပတ်သက်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်က ဩဂုတ် ၂၄ ရက်က ဝမ်းနည်း ကြောင်း ပြောကြားခဲ့သည်။
ဝက်ဂ်နာ ကြေးစားလက်နက် ကိုင်တပ်ဖွဲ့ခေါင်းဆောင် ယက်ဗ် ဂျီနီပရီဂိုဇင်သည် မော်စကိုအနီး တဗီးယားဒေသတွင် ဖြစ်ပွားခဲ့ သော လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ပြီး ၎င်း၏ ညာလက်ရုံး ဒီမီထရီယူကင်လည်း လေယာဉ် ပျက်ကျမှု ခရီးသည်စာရင်းတွင် ပါဝင်ခဲ့သည်။
ဩဂုတ် ၂၃ ရက် မွန်းလွဲပိုင်း က မော်စကိုမြို့တော်အနီးတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှု ဖြစ်စဉ်ကြောင့် ပရီဂိုဇင် အပါ အဝင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရုရှားလေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။
ပရီဂိုဇင်အပါအဝင် လူ ၁၁ ဦး လိုက်ပါလာသည့် စိန့်ပီတာ စဘတ်မှ မော်စကိုသို့ ပျံသန်းလာ သည့် Embraer Legacy 600 အမျိုးအစား လေယာဉ်ကို ဘရာဇီး အခြေစိုက်လေယာဉ် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဈေးကွက်အတွင်း စတင် ဝင်ရောက်လာခဲ့သည်။ စတင်ထုတ်လုပ်သည့် အချိန်မှ စကာ ယခုအချိန်အထိ နှစ်ပေါင်း ၂၀ အတွင်း မတော်တဆမှုတစ်ခု သာ ဖြစ်ထားပြီး ဘေးကင်းစံနှုန်း ကောင်းများ ရရှိထားကြောင်း သိရသည်။ ပရီဂိုဇင်နှင့် ၎င်း၏ ဝက်ဂ်နာအုပ်စုသည် ရုရှားအစိုးရ ကိုဆန့်ကျင်သည့် လက်နက်ကိုင် ပုန်ကန်မှုကို ဇွန်လက ပြုလုပ်ခဲ့ ပြီးနောက် နှစ်လအကြာတွင် ယခုလို လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရုရှား အစိုးရက လေယာဉ်ပျက်ကျမှု ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိသည်။
ဆင်ဟွာ