ပို့ကုန်ဈေးကွက်ကို ထိုင်းနိုင်ငံ ဈေးကွက်အပြင် လာအိုနှင့်တရုတ်နိုင်ငံသို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် တစ်ဖက်နိုင်ငံ ဆက်စပ်ပြည်နယ်များသာမက အခြားပြည်နယ်များအထိ မိမိပို့ကုန်များ ဖြန့်ကြက်တင်ပို့နိုင်ရေး တိုက်တွန်းပြောကြား

 

နေပြည်တော်    ဩဂုတ်    ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးနှင့် ရှမ်းပြည်နယ်      ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းနှင့် တာချီလိတ်နယ်စပ် ကုန်သည်များအသင်းတို့မှ အသင်းဝင်များကို ယနေ့ ညနေပိုင်းတွင်   တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ဒေသ၏   ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ကုန်သွယ်မှု ကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ပို့ကုန်မြှင့်တင်ရေး၊ အသေးစား၊     အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်     ဆက်လက် ဆောင်ရွက်ပေးမည့်   အစီအစဉ် များကို  ရှင်းလင်းပြောကြားပြီး ပို့ကုန်ဈေးကွက်ကို   ထိုင်းနိုင်ငံ ဈေးကွက်အပြင် လာအိုနှင့်တရုတ် နိုင်ငံသို့ပါ    ဈေးကွက်ချဲ့ထွင်နိုင် ရေး၊  ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် တစ်ဖက်နိုင်ငံ ဆက်စပ်ပြည်နယ် များသာမက အခြားပြည်နယ်များ အထိ  မိမိပို့ကုန်များ   ဖြန့်ကြက် တင်ပို့နိုင်ရေး၊ တတိယနိုင်ငံများ သို့ပါ    မိမိကုန်စည်များ    တင်ပို့နိုင် ရေးတို့အတွက်  ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။ 
ထို့နောက် ကုန်သည်လုပ်ငန်း ရှင်များက  ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့်     အခက်အခဲများ၊ ဝန်ကြီးဌာနက   ပံ့ပိုးဆောင်ရွက် ပေးရမည့်     ကိစ္စရပ်များနှင့် ကုန်စည်များ လွယ်ကူချောမွေ့စွာ သယ်ယူနိုင်ရေးဆိုင်ရာ  ကိစ္စရပ် များကို    ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို   ညှိနှိုင်းဆောင်ရွက် ပေးသည်။
အဆိုပါ   တွေ့ဆုံပွဲသို့   ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်   ဝန်ကြီး များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      ကုန်သည် လုပ်ငန်းရှင်များ  တက်ရောက်ကြ ကြောင်း သိရသည်။ 
 

သတင်းစဉ်