ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ပြုပြင်ထားသည့်ရေ စွန့်ထုတ်မည့်ရက် ဂျပန်သတ်မှတ်

 

တိုကျို   ဩဂုတ်  ၂၂


ဂျပန်အစိုးရသည် ဖူကူရှီးမားဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံမှ ပြုပြင်ပြီး ရေရောထားသည့် ရေများကို   သမုဒ္ဒရာထဲသို့     စတင်စွန့်ထုတ်မည့် အချိန်ကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 


အဆိုပါ  အစီအစဉ်ကို  အစောဆုံး  ဩဂုတ် ၂၄ ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။   ဩဂုတ် ၂၂    ရက်က  ပြုလုပ်သော   အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင်   ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အဆိုပါ အစီအစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။ 


ထို့ပြင်     ၎င်းက    ရာသီဥတုနှင့်    ပင်လယ်ပြင် အခြေအနေမှာ       ပြဿနာတစ်စုံတစ်ရာမရှိပါက အဆိုပါရေများ စွန့်ထုတ်မှုကို ဩဂုတ် ၂၄ ရက်တွင် လုပ်ဆောင်သွားဖွယ်ရှိကြောင်း၊   နောင်ဆယ်စုနှစ် များစွာ     မည်မျှပင်ကြာစေကာမူ    ပြဿနာမရှိဘဲ ပြုပြင်ထားသောရေများ            စွန့်ထုတ်မှုပြီးစီးမည့်  အချိန်အထိ  တာဝန်ယူသွားမည်ဖြစ်ကြောင်း  ပြော သည်။ 


အဆိုပါ     လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး   ဖူကူ ရှီးမားတွင် တုံ့ပြန်မှုများ ရောထွေးနေကြောင်း  သိရ သည်။ စိတ်ခံစားမှုပိုင်းဆိုင်ရာရှုထောင့်မှ ကြည့်လျှင် ဘေးကင်းလုံခြုံမှုရှိကြောင်း    ခံစားရမှုမှာ    ခက်ခဲ ကြောင်း      ဒေသခံတစ်ဦးက    ပြောသည်။

    ထို့ပြင် အခြားဒေသခံတစ်ဦးက  ရေများသည် များပြားလာ ကြောင်း၊ တစ်နည်းနည်းဖြင့် ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းများက ခိုင်မာမှုရှိပြီး အန္တရာယ်မရှိဘူးဆိုလျှင် အခြားရွေးချယ် စရာ မရှိကြောင်း ပြောသည်။   


  အင်န်အိတ်ချ်ကေ