အာဆင်နယ်အသင်း ပဲလေ့စ်ကို အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲ ဆက်ထိန်းနိုင်ခဲ့

 

ပရီမီယာလိဂ်ပွဲစဉ်  (၂) မှ  ခရစ္စတယ်ပဲလေ့စ်နှင့် အာဆင်နယ်အသင်းပွဲစဉ်ကို  ဩဂုတ် ၂၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ  အာဆင်နယ်အသင်း က အိုဒီဂတ်၏  ပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ အဆိုပါပွဲစဉ်ကို  ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး   ပရိသတ်  ၂၄၀၀၀  ကျော် လာရောက်ကြည့်ရှုခဲ့သည်။ 
နှစ်ပွဲဆက်    နိုင်ပွဲရရှိရေးအတွက်     အိမ်ရှင် ပဲလေ့စ်အသင်းရော အာဆင်နယ်အသင်းပါ အားထား ရသည့်  ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။


ခရစ္စတယ်ပဲလေ့စ်အသင်းသည်       ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့်အတူ    အာဆင်နယ် အသင်းကို   အကောင်းဆုံး  တုံ့ပြန်ကစားနိုင်ခဲ့သည်။  သို့သော်လည်း    အာဆင်နယ်ဂိုးသမား   ရမ်ဒေးလ် အထူးလက်စွမ်းပြကာကွယ်ပြီး   အသင်း  ခံစစ်က     ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် လိုအပ်သည့် သွင်းဂိုးမရရှိခဲ့ခြင်းဖြစ်သည်။ 


ထိုနည်းတူ အာဆင်နယ်အသင်းကလည်း သာလွန် သည့် ကစားဟန်ဖြင့် ဂိုးရရှိနိုင်သည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သော်လည်း ပြိုင်ဘက်ဂိုးသမားနှင့် ခံစစ် တို့၏    ဟန့်တားရှင်းထုတ်ပုံ    ကောင်းမွန်မှုကြောင့် သွင်ဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။ ပွဲချိန် ၅၄ မိနစ် တွင် ရရှိလာသည့် ပယ်နယ်တီကို အသင်းခေါင်းဆောင် အိုဒီဂတ်   အဆုံးသတ်ကန်သွင်းပြီး   အာဆင်နယ် အသင်းအတွက်   တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူရရှိခဲ့သည်။ 


ပွဲချိန် ၆၇ မိနစ်တွင် အာဆင်နယ်ခံစစ်ကစားသမား  တိုမိယာဆု  နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို       တစ်ယောက်လျော့ဖြင့်   ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။  သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက်   ထပ်မံဂိုးသွင်းယူနိုင်ခြင်း   မရှိ သည့်အတွက်   အာဆင်နယ်အသင်းက  တစ်ဂိုး - ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။        

အောင်ဇော်