
နေပြည်တော် ဩဂုတ် ၁၉
စပါးခွံလောင်စာသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစက် (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ်ရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဓာတုအင်ဂျင်နီယာ အထူးပြု ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဝင်များ၊ လျှပ်စစ်အင်ဂျင်နီယာ လုပ်ငန်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိ သူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ရန်ကုန် နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက်တွင် သွင်းကုန်အစားထိုးရန် နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSME) များကို ရေရှည် အာမခံချက်ရှိအောင် အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာထုတ်လုပ်နိုင်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ဆောင် ရွက်ဖော်ဆောင်ရေးဟု သတ်မှတ် ပြဋ္ဌာန်းထားကြောင်း၊ ထုတ်လုပ်မှု ကို မြှင့်တင်ရာတွင် အဓိက သွင်းအားစုကြီးဖြစ်သည့် လျှပ်စစ် စွမ်းအင်သည် အလွန်အရေးကြီး ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ စဉ်ဆက် မပြတ် လည်ပတ်ထုတ်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများ၏ လူမှု စီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မိမိတို့ နိုင်ငံတွင် ပေါများစွာရရှိသော စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းဖြစ် သည့် စပါးခွံကိုသုံး၍ တစ်ပိုင် တစ်နိုင် လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင် ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် စပါးအထွက်များသည့် ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် စပါးခွံဓာတ်ငွေ့လောင်စာ သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများကို အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
ထို့ပြင် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ခြင်း၊ စဉ်ဆက်မပြတ် လည်ပတ်နိုင်ခြင်း၊ လောင်စာ အတွက် ကုန်ကျစရိတ်မရှိခြင်း၊ ထုတ်လုပ်မှုစရိတ် သက်သာခြင်း၊ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုး ရေးတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းခြင်း၊ Green House gas emission လျှော့ချ နိုင်ခြင်း စသည့်အကျိုးကျေးဇူး များ ရရှိခဲ့ကြောင်း၊ ပြည်တွင်း၌ အသုံးပြုနေသည့် Gasifier အနေ ဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိ အောင် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများ ရရှိ ရေး စက်မှုပညာရှင်၊ ဓာတုဗေဒ ပညာရှင်နှင့် လျှပ်စစ်ပညာရှင်များ ပေါင်းစပ်ဆောင်ရွက်ပြီး ဖြည့်ဆည်း ပေးရန်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီ ဒုတိယဥက္ကဋ္ဌက Myanmar Gasifier Working Group ဖွဲ့စည်းမည့် အစီအမံများ ကို လည်းကောင်း၊ ဓာတုအင်ဂျင် နီယာလုပ်ငန်းအဖွဲ့ဝင်က Gasifier အသုံးပြုသည့် စက်ရုံ/အလုပ်ရုံ များအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ ကို လည်းကောင်း ရှင်းလင်းတင်ပြ ရာ တက်ရောက်လာသူများ က အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရွှေလင်ပန်းစက်မှုဇုန် ရှိ ဧရာဝတီဆီစက် နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ပတ္တမြား ဆီစက်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ် အကောင် အထည်ဖော်မှု၊ ကုန်ကြမ်းရရှိမှုနှင့် ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဆီထွက်သီးနှံများ ကြိတ်ခွဲရာတွင် လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ လုပ်ငန်း များ စဉ်ဆက်မပြတ် လည်ပတ် နိုင်ရေး ဆောင်ရွက်ရန်နှင့်စပ်လျဉ်း ၍ ပြောကြားပြီး ဆီထွက်သီးနှံ များ ကြိတ်ခွဲနေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်