တောမီးလောင်မှုအပေါ် သတိပေးဥသြသံဆွဲရန် ပျက်ကွက်ခဲ့သည်ဆိုသည့် ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် မော်ဝီကျွန်း အရေးပေါ်စီမံခန့်ခွဲမှု အကြီးအကဲ ရာထူးမှ နုတ်ထွက်

 

ဟာဝိုင်ယီ  သြဂုတ်  ၁၈ 


ဟာဝိုင်ယီကျွန်းစုတွင် ပါဝင်သည့် မော်ဝီကျွန်းအရေးပေါ် စီမံခန့်ခွဲမှု အကြီးအကဲသည်     ကျန်းမာရေး အခြေအနေကြောင့်       ရာထူးမှ နုတ်ထွက်ခဲ့သည်။ တောမီးသည် လူနေဒေသသို့ ချဉ်းကပ်ရောက်ရှိ လာချိန်တွင်    သတိပေးဥသြသံ များဆွဲရန်    ဆုံးဖြတ်ချက်မချနိုင်ခဲ့ သည့်အတွက်        ဝေဖန်မှုများ မြင့်တက်လာချိန်တွင်       ၎င်း၏ ရာထူးမှ  နုတ်ထွက်မှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။


ဒေသ        အာဏာပိုင်များက မော်ဝီစီရင်စု အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီ        အကြီးအကဲဖြစ်သူ ဟာမန်အန်ဒါယာ     သည်  ၎င်း၏   ရာထူးမှနုတ်ထွက် လွှာကို      မော်ဝီ မြို့တော်ဝန်ထံသို့   သြဂုတ်   ၁၇  ရက်က တင်သွင်းခဲ့ ကြောင်း  ပြောသည်။ 


အန်ဒါယာက     မိမိအနေဖြင့် သတိပေးဥသြဆွဲသံကို အသုံးမပြု ခဲ့သည့်အတွက်     နောင်တမရမိ ကြောင်း       ယခင်တစ်ရက်က ပြုလုပ်ခဲ့သော          သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ    သတိပေးဥသြဆွဲသံကို ဆူနာမီအတွက်    အသုံးပြုရန် သတ်မှတ်ထားခဲ့ကြောင်း၊ တောမီး အတွက်         မဟုတ်ကြောင်းနှင့် အချက်ပေးဥသြဆွဲခဲ့ပါက ပြည်သူ များကို     ကုန်းမြင့်ဒေသများသို့ ပြောင်းရွှေ့ရန်သာ လေ့ကျင့်ထား ပေးကြောင်း ၎င်းက ပြောသည်။ 


ပြည်သူများအနေဖြင့် အချက် ပေးဥသြဆွဲသံကြားခဲ့ပါက တောင် ကုန်းဒေသသို့သာ သွားရောက်နိုင် ကြောင်း   ၎င်းက  ပြောသည်။ 


သို့သော်လည်း     လွန်ခဲ့သော သုံးနှစ်က   ဒေသအာဏာပိုင်များ ထုတ်ဝေခဲ့သော    ဗီဒီယိုဖိုင်တွင် ယင်းကဲ့သို့သော ပြောကြားချက်မျိုး ကို ဆန့်ကျင်ထားသည်။ သတိပေး အချက်ပေးသံကို     တောမီးအပါ အဝင် အမျိုးမျိုးသောအရေးပေါ်ကိစ္စရပ်များအတွက်ပါ  အသုံးပြု ရန်      ဆိုလိုကြောင်း    ဖော်ပြထား သည်။ 


မော်ဝီမြို့တော်ဝန်က     အန်ဒါ ယာ နေရာတွင် အခြားတစ်ယောက်  ကို   အမြန်ဆုံးအစားထိုးခန့်အပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ 


အဆိုပါ     တောမီးလောင်မှု ကြောင့် လူပေါင်း ၁၁၁ ဦး သေဆုံး ခဲ့ပြီး     တောမီးအကြီးအကျယ် လောင်မှုဖြစ်ပွားခဲ့သော    ဧရိယာ ၏  ၄၀ ရာခိုင်နှုန်းကို ရှာဖွေမှုများ    ဆက်လက်    လုပ်ဆောင်လျက်ရှိ သည်။            

အင်န်အိတ်ချ်ကေ