
နေပြည်တော် ဩဂုတ် ၁၈
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃)အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင် များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာ နိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်းတို့ မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆင်းရဲမှုလျှော့ချရေးကို
အထောက်အပံ့ဖြစ်စေ
ဦးစွာ အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က မြန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍ တွင် ၂၀၁၁ခုနှစ်မှစ၍ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ရာ ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် ကောင်းမွန်သော ငွေကြေးဝန်ဆောင်မှု ရရှိစေခြင်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို ထိရောက် သော အထောက်အပံ့ဖြစ်စေခဲ့ ကြောင်း၊ အသေးစား ငွေရေးကြေး ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတ်မှတ်ဥပဒေ/စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံ တင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၃၁) အရ INGO ၊ NGO အဖွဲ့အစည်းများသည် အကျိုးအမြတ်ရယူသော စီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် မရှိသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက် နေသော INGO ၊ NGO အဖွဲ့အစည်း များအား ကုမ္ပဏီအဖြစ်ပြောင်းလဲ ခြင်းလုပ်ငန်းစဉ်များကို ခွင့်ပြုခဲ့ ကြောင်း။
PGMF (INGO) အဖွဲ့အစည်း သည် သတ်မှတ်ကာလအတွင်း ကုမ္ပဏီအဖြစ် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပြီးပြတ်ခြင်း မရှိသဖြင့် လုပ်ငန်းပိတ်သိမ်းရေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကြီးကြပ်မှုကော်မတီသို့ တင်ပြမှု ကို အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆက်လက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိ သတ်မှတ်ထားသည့် ချေးငွေ အပေါ်ကောက်ခံသော အတိုးနှုန်း နှင့် စုဆောင်းငွေအပေါ် ပေးအပ် သော အတိုးနှုန်းတို့ကို ဝင်ငွေနည်း ပြည်သူများ၏ လူမှုစီးပွားရေး ဘဝနှင့်လိုက်လျောညီထွေဖြစ်စေ ရန် အတိုးနှုန်းပြင်ဆင် သတ်မှတ် ရန် သင့်- မသင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစား ငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှု၊ INGO ၊ NGO အသေးစားငွေရေးကြေးရေး အဖွဲ့ အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှု၊ PGMF (INGO) အဖွဲ့အစည်း၏ လုပ်ငန်း ပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍ ဆောင် ရွက်ထားရှိမှု၊ အတိုးနှုန်းပြင်ဆင် သတ်မှတ်ရန် သုံးသပ်တင်ပြထား မှု၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ နယ်မြေ တိုးချဲ့မှု၊ မတည်ငွေရင်းထည့် ဝင်မှု၊ အစုရှယ်ယာရှင်ပြောင်းလဲမှု၊ ဒါရိုက်တာဘုတ်အဖွဲ့ ပြောင်းလဲမှု အပါအဝင် ကြီးကြပ်မှုကော်မတီ က ဆွေးနွေးဆုံးဖြတ်ရန် အချက် များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်းမှ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရည်အသွေး တည်ဆောက်မှု သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆောင် ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ် မှုကော်မတီမှ ဖြည့်ဆည်းဆောင် ရွက်ပေးရန် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
တင်ပြချက်များအပေါ် အသေး စား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ငွေကြေးဝန်ဆောင်မှုပေး
၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် အဖွဲ့အစည်းအနေဖြင့် INGO တစ်ဖွဲ့၊ NGO တစ်ဖွဲ့ ၊ ပြည်ပကုမ္ပဏီ ၅၅ ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၁၁၅ ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ ရှစ်ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၁၈၀ ရှိပြီး တိုင်း ဒေသကြီး/ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ ရပ်ကွက်ပေါင်း ၂၃၀၉ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၇၇၂၂ ရွာရှိ အသင်းဝင်ဦးရေပေါင်း ၃ ဒသမ ၆ သန်းအား ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်