
နေပြည်တော် ဩဂုတ် ၁၈
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(၂၀၂၃ ခုနှစ်) (မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာစန်း နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၃ ခုနှစ်) (မူကြမ်း) အား အပြီးသတ် စိစစ်လေ့လာ ဆွေးနွေးပြီး လတ်တလောပြဋ္ဌာန်း ရန် သင့်၊ မသင့်နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေတွင် လက်ရှိအခြေ အနေများနှင့် လိုက်လျောညီထွေမှု ရှိစေရန် လိုအပ်ချက်များကို ဖြည့်စွက်ရန်လိုအပ်ကြောင်း တွေ့ရ သဖြင့် ပြင်ဆင်သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်း နှင့် ပြင်ဆင်လိုသည့် ပုဒ်မများ အား အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်