ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးမောင်မောင်အုန်း ကူမင်းမြို့၌ ကျင်းပသည့် GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများအစည်းအဝေး - ၂၀၂၃ (2023 GMS Economic Corridor Governors Forum)သို့ တက်ရောက်

 

ကူမင်း   ဩဂုတ်   ၁၇


GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ (2023  GMS  Economic Corridor Governors Forum) ကို ယနေ့နံနက်ပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ယူနန် စီးပွားရေးဌာန ယုလန်ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်အစိုးရ၊ အုပ်ချုပ်ရေးမှူးနှင့် တရုတ် နိုင်ငံ စီးပွားရေးရာဝန်ကြီးဌာနမှ ဒုတိယအကြီးအကဲ များ   အပါအဝင်   သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးမောင် မောင်အုန်း၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွား ရေးဝန်ကြီးများ၊  တရုတ်နိုင်ငံဆိုင်ရာ   မြန်မာနိုင်ငံ သံအမတ်ကြီး   ဦးတင်မောင်ဆွေ၊   မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် အထွေထွေအကျိုးဆောင် ကုမ္ပဏီများမှ တာဝန်ရှိသူ များ၊ ကမ္ဘောဒီးယား၊  လာအိုနှင့်   ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မဲခေါင်ဒေသ သိပ္ပံနှင့် အာရှဒေသ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ   တာဝန်ရှိသူများအပြင် တောင်အာရှနိုင်ငံများမှ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။


မိန့်ခွန်းပြောကြား


အစည်းအဝေးတွင် တရုတ်နိုင်ငံ  စီးပွားရေးရာ ဝန်ကြီးဌာနမှ ဒုတိယအကြီးအကဲ  မစ္စတာ လီဖေး၊ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး သံမှူး မစ္စတာ တီကောင်၊ လာအိုနိုင်ငံစက်မှုနှင့်စီးပွား ရေးရာဝန်ကြီး ချန်ဆောကနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ကံဇော်တို့က   မိန့်ခွန်းပြောကြား ကြသည်။
ပြည်ထောင်စုဝန်ကြီး   ဒေါက်တာကံဇော်က ပြောကြားရာတွင်စိုက်ပျိုးရေးသည်   ဂျီအမ်အက်စ် ဒေသခွဲ၏ အဓိကကျောရိုးဖြစ်ပြီး သန်းပေါင်း ၃၄၀ ခန့် ရှိသည့် ဒေသခွဲလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အသေးစားစိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် မှီခို နေသည့်အားလျော်စွာ လူဦးရေသန်း ၂၀၀ နီးပါး၏ နေထိုင်စားသောက်မှုကို တိုက်ရိုက်အထောက်အကူဖြစ်စေပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ကုန်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် ဒေသခွဲစျေးကွက်နှင့် လူဦးရေအရွယ် အစားသည်  တရုတ်နိုင်ငံနှင့်  အခြားသော   ဂျီအမ် အက်စ်နိုင်ငံများအကြား စိုက်ပျိုးရေးကုန်သွယ်မှုကို အပြုသဘောဆောင်သည့် သက်ရောက်မှုဖြစ်စေသည် ဟု ယုံကြည်ပါကြောင်း။


အမှန်တကယ်အားဖြင့် လယ်ယာကုန်သွယ်မှု သည် ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုအဆုံး သတ်ရေးဟူသော ရည်မှန်းချက်ပြည့်မီရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့အပြင် ကုန်သွယ်မှု သည် လယ်သမားများနှင့် စားနပ်ရိက္ခာထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်တွင် အလုပ်လုပ်ကိုင်နေသည့် ပြည်သူများ၏အသက်မွေးဝမ်းကျောင်းကို အထောက် အပံ့ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါ ကြောင်း၊  ယင်းသည် ကမ္ဘာတစ်ဝန်းရှိ  စားနပ်ရိက္ခာ မလုံလောက်မှုကို လျှော့ချရန်နှင့် ပိုမိုကောင်းမွန်သော စားသုံးကုန်စည်များရွေးချယ်မှုကို အထောက်အပံ့ဖြစ် စေပါကြောင်း။


ထိုနည်းတူစွာ  ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုစွမ်းရည်များ မြင့်မားခြင်း၊ အစားအစာအမျိုးအမယ် ကွဲပြားများပြား လာခြင်း၊ အစားအစာရရှိမှု  မြင့်မားလာခြင်းတို့ကို လည်း ကူညီပေးနိုင်ပါကြောင်း။


သို့ဖြစ်၍ လက်ရှိကာလသည်  ဒစ်ဂျစ်တယ်စနစ် ဖော်ဆောင်ခြင်းနှင့် ရေရှည်တည်တံ့ခြင်းကဲ့သို့သော အကြောင်းရင်းများက   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အဓိကဖြစ်စေပြီး အရင်းအမြစ်များအကန့်အသတ် ရှိနေသည့်   ကိုဗစ်ကာလအလွန်   ကမ္ဘာကြီးတွင်  ဂျီအမ်အက်စ်နိုင်ငံများအနေဖြင့်   အတူတကွလုပ်ကိုင် ဆောင်ရွက်ကြရန်နှင့်   ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရှာဖွေဖော်ထုတ်ကြရမည့်အချိန်ကာလ ဖြစ်ပါကြောင်း။


လွတ်လပ်သောကုန်သွယ်မှု 


ဒေသတွင်းနှင့်  ဒေသပြင်ပ   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့်လွတ်လပ်သော ကုန်သွယ်မှု  သဘောတူညီချက်များ၊  ပိုမိုကောင်းမွန် သော  ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်   ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းဆိုင်ရာမဟာဗျူဟာများနှင့် ဂျီအမ်အက်စ် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင်ကဲ့သို့သော မူဝါဒ ပိုင်းဆိုင်ရာ အစီအမံ သုံးခုသည် တစ်နိုင်ငံချင်းစီအနေ ဖြင့်လည်းကောင်း၊ ဒေသခွဲအနေဖြင့်  လည်းကောင်း ရှိပြီးဖြစ်ပါကြောင်း။


ထို့ပြင်    ဂျီအမ်အက်စ်မဟာဗျူဟာမူဘောင် (၂၀၃၀) ကို ၂၀၂၁ ခုနှစ်တွင်  ကျင်းပခဲ့သော  သတ္တမ အကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေး၌ အတည် ပြုခဲ့ပြီးဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ယင်းမူဘောင်သည် ဒေသခွဲအတွင်း  မူဝါဒများနှင့် စံချိန်စံညွှန်းများ  လိုက်လျောညီထွေရှိရန်   လိုအပ် သည့် ပို့ကုန်တိုးချဲ့မှုအတွက် အစားအစာဘေးကင်းမှု ပိုမိုမြင့်မားစေရေးနှင့်   အရည်အသွေးပြည့်ဝသည့် စံနှုန်းများကို  မြှင့်တင်ဆောင်ရွက်ရန် အဓိကထား ဖော်ပြထားပါကြောင်း။


ပြည့်ပြည့်စုံစုံ ဆွေးနွေးဖလှယ်နိုင်ကြမည်


နိဂုံးမချုပ်မီ   ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ဂျီအမ်အက်စ်အစီအစဉ်များအနက် အစီအစဉ်တစ်ခု နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်   မျှဝေလိုပါ ကြောင်း၊  ဂျီအမ်အက်စ်အစီအစဉ်၏   နိုင်ငံအမည် အက္ခရာစဉ်အရ ယခု ၂၀၂၃ ခုနှစ်သည် (၂၆) ကြိမ် မြောက် ဂျီအမ်အက်စ်  ဝန်ကြီးအဆင့်အစည်းအဝေး ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျရောက်ပါကြောင်း၊  အဆိုပါဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော်တွင်  ဒီဇင်ဘာလ၌ လက်ခံကျင်းပသွားမည်ဖြစ်ပါကြောင်း၊  ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊  ဒစ်ဂျစ် တယ်စနစ်ဖော်ဆောင်ရေး၊   ဒေသအစိုးရများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ဂျီအမ်အက်စ်အစီအစဉ် တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ရေးနှင့် ဒေသတွင်းရင်းနှီး မြှုပ်နှံမှုမူဘောင်   စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ အဆိုပါအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးဖလှယ်နိုင်ကြမည်ဟု  ကျွန်ုပ်  ယုံကြည်ပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ ယူနန်ပြည်နယ်  အစိုးရအုပ်ချုပ် ရေးမှူး မစ္စတာ ဝန်ယုဘိုက မိန့်ခွန်းပြောကြားပြီး ယူနန်ပြည်နယ်နှင့်ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့မှတာဝန် ရှိသူများက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများကို  လက်မှတ်ရေးထိုးကြ သည်။


ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ပဲခူးတိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဦးတင်ဦး၊ မန္တလေးတိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဦးသိန်းဌေး၊  ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဧရာဝတီ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မဲခေါင်ဒေသသိပ္ပံနှင့် ADB မှ  ဒေသဆိုင်ရာတာဝန်ခံတို့ နှင့်အတူ ပါဝင်ဆွေးနွေးကြသည်။


ထူးထူးခြားခြားရလဒ်ကောင်းများရရှိ


မဟာမဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု ယန္တရား သည်  မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏    အခြေခံ အဆောက်အအုံများတည်ဆောက်ရေးနှင့် စီးပွားရေး ပေါင်းစည်းမှုတွင် မကြာမီနှစ်များအတွင်း ထူးထူး ခြားခြားရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် လန်ချန်း- မဲခေါင်  ၅ နိုင်ငံအကြား ကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံခန့်ရှိပြီး တစ်နှစ် ထက်တစ်နှစ်  ၂၀ ရာခိုင်နှုန်း တိုးမြင့်လျက် ရှိကြောင်း၊ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း  ၆၃၄  ခုနှင့် ယင်းအတွက်  ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၄၇ ဘီလီယံရှိကြောင်း သိရသည်။


ယမန်နေ့ ညနေပိုင်းက  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကူမင်းမြို့ရှိ Wanda ဟိုတယ် ၌   တရုတ်နိုင်ငံ  အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့အစည်း (NRTA)   ဒုတိယအကြီးအကဲ Mr. Yang Guo Rei နှင့် ယူနန်ပြည်နယ် ရေဒီယိုနှင့် ရုပ်မြင်သံကြား   စီမံခန့်ခွဲရေးအဖွဲ့အစည်း၊  ယူနန် မီဒီယာအုပ်စု(YMG)  တို့မှ  ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး    မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မဲခေါင်နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ   အဆင့်မြင့်အရာရှိကြီးများ၊  ရုပ်သံဌာနအကြီးအကဲများနှင့် မီဒီယာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊   တောင်အာရှနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ သည်  စတုတ္ထအကြိမ်မြောက်   မဲခေါင်- လန်ချန်း ရုပ်သံသီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲ၊ The National Theme day for Cambodia ဖွင့်ပွဲနှင့်  ဖျော်ဖြေပွဲ အခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့် အတူ အခမ်းအနားကို  ဖွင့်လှစ်ပေးကြပြီး ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ကူမင်းမြို့၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၇)ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲသို့ သွားရောက်၍ မြန်မာနိုင်ငံပြခန်း၌ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျ ထုပ်ပိုး၍ ခင်းကျင်းပြသထားရှိမှုနှင့် ယူနန်ပြည်နယ် တွင် စျေးကွက်ဝေစုရရှိနေမှုကို ကြည့်ရှုအားပေးပြီး တရုတ်နိုင်ငံနှင့်  ယူနန်ပြည်နယ်တို့မှ   သွင်းကုန် သတ်မှတ်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက်မှုနှင့် အတူ ယခုထက် ပိုမိုတင်သွင်းလိုမှုကို လုပ်ငန်းစဉ် အတိုင်း  စနစ်တကျဖြင့်   မြန်ဆန်ချောမွေ့အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။


စနစ်တကျလေ့လာပြုစု


ဆက်လက်၍ တရုတ်နိုင်ငံထုတ် ယူနန်ကောရမ် ဆေးနှင့်  ဆေးပစ္စည်းများ   ပြခန်းသို့သွားရောက် ပြီး ခင်းကျင်းပြသထားရှိမှုများအား   စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုအားပေးကာ မြန်မာနိုင်ငံသို့ လာရောက် ၍ ခင်းကျင်းပြသလိုမှုနှင့် အကူအညီပေးအပ်လိုမှု အပေါ် စနစ်တကျလေ့လာပြုစုပြီး လုပ်ငန်းစဉ်အတိုင်း ကမ်းလှမ်းဆောင်ရွက်ပေးရန် ပြောကြားသည်။


လျင်မြန်စွာအကောင်အထည်ဖော်


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့ ရှိ ယူနန် နေ့စဉ် (Yunan Daily)သတင်းစာတိုက်သို့ သွားရောက်၍ ၁၉၄၈ ခုနှစ်မှ စတင်စုဖွဲ့ပြင်ဆင်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစတင်၍ သတင်းစာ Logo ပြင်ဆင် သတ်မှတ်မှုနှင့် ဆယ်စုနှစ်အလိုက်  သုံးသပ်ချက် ပြုလုပ်၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲလုပ်ဆောင် နေမှု၊ Online Media ကိုလည်း Print Media နှင့် အပြိုင်ဆောင်ရွက်နေမှု၊ သတင်းစာ(၉)မျိုးနှင့် မဂ္ဂဇင်း (၉)မျိုး ထုတ်ဝေဖြန့်ချိနေမှုတို့ကို  ကြည့်ရှုလေ့လာ ပြီး ပြည်ထောင်စုဝန်ကြီးက သတင်းဖလှယ်အသုံးပြု မှု  အပါအဝင်   ပူးပေါင်းဆောင်ရွက်လိုမှုများအား လုပ်ငန်းစဉ်အတိုင်း   စနစ်တကျဖြင့်   လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးပြော ကြားခဲ့သည်။                                    

သတင်းစဉ်