အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးအတွက် ပြန်လည်ဆက်စပ်မိသည်များ …

Type

 

မိုးမြင့်
 

ယနေ့ကမ္ဘာ့ပြဿနာများကို ဆန်းစစ်ကြည့်လျှင် နိုင်ငံရေး၊ စစ်ရေး၊  စီးပွားရေးအရ အားပြိုင်မှုများနှင့် ကမ္ဘာအနှံ့ ဩဇာ ထူထောင်၊ ပါဝါအပြိုင်တည်ဆောက်ကြခြင်း  ကို တွေ့ရမည်ဖြစ်သည်။  နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးပြီး ထင်သာမြင်သာရှိသည့် စစ်ရေးအရ ဝင်စွက်ဖက်မှုပုံစံမျိုးရှိသလို နောက်ကွယ်မှ  စီးပွားရေးအရ နယ်ချဲ့ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တစ်ပြည်ကို ကိုယ်လိုချင်သည့် ပုံစံမျိုး ပုံဖော်သိမ်းသွင်းပုံများကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။ 
မြန်မာနိုင်ငံ၏  တည်နေရာပထဝီအနေအထား အရ  အင်အားကြီးနိုင်ငံများ၏    စိတ်ဝင်စားမှု   အခံရဆုံးနိုင်ငံအဖြစ်     အစဉ်အဆက်ဖြစ်ခဲ့သည်။  တရုတ် နိုင်ငံကို    ထိန်းချုပ်လိုသည့်       အမေရိကန်က မြန်မာနိုင်ငံကို   အဓိက     ပစ်မှတ်ထားသည်။  မြန်မာနိုင်ငံတွင် သူတို့လိုချင်သော    ဩဇာခံအစိုးရ ပေါ်ပေါက်ရေး၊    သူတို့လိုချင်သော    အစိုးရမရလျှင် နိုင်ငံအစိတ်စိတ်အမြွှာမြွှာ    ပြိုကွဲပျက်သုဉ်းရေး နည်းလမ်းများက  အမေရိကန်နှင့် အနောက်အုပ်စု ၏ မဟာဗျူဟာများဖြစ်သည်။     ယနေ့အချိန်ထိ သူတို့ခင်းသောလမ်းတွင် ကျင့်သုံးသော  ထိုနည်း လမ်းများ ဘယ်အထိခရီးရောက်နေပြီလဲ    မှန်းဆ၍ ရသည်။ ယခုအခါတွင်မူ    ပြည်သူများအနေဖြင့် ပစ္စုပ္ပန်ကာလဖြစ်ရပ်အချို့နှင့် အတိတ်ဖြစ်စဉ်များ အပေါ်   ဆက်စပ်စဉ်းစားပြီး     အတိုင်းအတာတစ်ခု အထိ ဝေဖန်ပိုင်းခြား    ဆန်းစစ်လာနိုင်ကြပြီဟူ၍ ယူဆမိပါသည်။
မရိုးရှင်းသည့် ကမ္ဘာ့ပြဿနာများ
ယနေ့ကမ္ဘာ့ပြဿနာများသည်      ရိုးရှင်းစွာ တွက်ဆ၍မရတော့သည့် အခြေအနေများ        ဖြစ် သည်။ ယခုကာလမှာ    ဘာကြောင့်   ရုရှားနိုင်ငံက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို အကန့်အသတ်ဖြင့်   ဆင်နွှဲနေသလဲ၊    ကမ္ဘာ့စားနပ် ရိက္ခာနှင့် လောင်စာ အကျပ်အတည်းကို   ဘယ်သူက စတင်ဖန်တီးခဲ့သလဲ၊ တရုတ်ကိုထိန်းချုပ်ဖို့ ထိုင်ဝမ် ပြဿနာနှင့်အတူ     အင်ဒို-  ပစိဖိတ်အရွေ့ကို ဘာကြောင့်   အမေရိကန်က    ဦးဆောင်နေသလဲ၊ နိုင်ဂျာမှာ  တပ်ကဘာကြောင့်   အာဏာသိမ်းရသလဲ၊ ပါကစ္စတန်မှာ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော     ဝန်ကြီးချုပ် အင်မရာခန်းကို တပ်၏ထောက်ခံမှုဖြင့်    ဖြုတ်ချ၊ ထောင်ချမှုတွင်  အမေရိကန်တို့     ဘာကြောင့် နှုတ်ဆိတ်နေကြရသလဲ၊    တရုတ်ကို    ထိုင်ဝမ်နှင့် ထောင်ချောက်ဆင်ထားပြီး မြန်မာနိုင်ငံကို မငြိမ် မသက်ဖြစ်အောင်လုပ်၊ ပြည်တွင်းစစ်မီးမွှေးနေခြင်း မှာ ဘာအတွက်လဲ...စသည် စသည်ဖြင့် ဇာတ်ညွှန်း များနှင့်အတူ တစ်ဦးတည်းသော ဒါရိုက်တာကိုလည်း မြင်တတ်ဖို့လိုသည်။ 
တရုတ် - အမေရိကန်     ထိပ်တိုက်မတွေ့ဘဲ မြန်မာနိုင်ငံမှတစ်ဆင့်   ထိန်းချုပ်ဖို့      ကြိုးစားသည့် အခါ မဟာဗျူဟာမြောက် ကြားခံဇုန်ဖြစ်မှန်းမသိ ဖြစ်နေရသည့် ဤနိုင်ငံတွင် နိုင်ငံအမျိုးသားအကျိုး စီးပွားနှင့်      နိုင်ငံလုံခြုံရေး     မကျိုးပျက်အောင် ဘယ်လောက်   ကြိုးစားနေရသလဲ   မြင်ကြည့်၊ တွေးကြည့်ဖို့    လိုပါသည်။ 
နိုင်ငံနှင့်   ပြည်သူအတွက်မကြည့်၊  မိမိအကျိုး၊ မိမိအဖွဲ့အကျိုးကိုသာ ကြည့်တတ်သူများ၏ အဖျက် လုပ်ရပ်များကြောင့် ယနေ့ထိတိုင်     မြန်မာပြည်သူ များ ဒုက္ခပင်လယ်ဝေဆဲဖြစ်သည်ကို    သင်ခန်းစာ ယူသင့်ပါပြီ။ ကမ္ဘာ့ပြည်သူများလည်း   ထို့အတူပင်။  တစ်ဆင့်ပြီးတစ်ဆင့် ရုပ်လုံးကြွ    ဖွံ့ဖြိုးလာသော တရုတ်နိုင်ငံနှင့် ကမ္ဘာ့နံပါတ်တစ်နေရာကို   လက် မလွှတ်ချင်သည့် အမေရိကန်၊    စစ်အင်အားချင်း ယှဉ်လာသော    ပြိုင်ဘက်ရုရှားနှင့်      ကမ္ဘာအနှံ့ အမေရိကန်အကျိုးစီးပွားများ     ထိပ်တိုက်တွေ့ကြ သည့် အခြေအနေသည် ယခုအချိန်မှာ    အဆိုးဆုံး ဖြစ်နေသည်။
သတိလက်လွတ်မဖြစ်ကြရန် လိုအပ်ဆဲ
ယနေ့ကျွန်ုပ်တို့ နိုင်ငံသားအားလုံး၏ တာဝန် မှာ နိုင်ငံရော    ပြည်သူပါ  အစိတ်စိတ်အမြွှာမြွှာ မပြိုကွဲ၊  မပျက်စီးရေးဖြစ်သလို  မြန်မာနိုင်ငံ   အလုံးစုံ ပျက်သုဉ်းရေးမှာ  ပြည်တွင်း/   ပြည်ပရန်သူတို့၏ အန္တိမရည်မှန်းချက်ဖြစ်သည်ဆိုသည့်အချက်ကို သတိလက်လွတ်မဖြစ်ရန်   လိုပြန်သည်။    ကမ္ဘာ တစ်လွှား သူတို့အလိုမရှိသောအစိုးရများ ပြုတ်ကျ စေမည့် လျှို့ဝှက်စီမံကိန်းများတွင်   မြန်မာနိုင်ငံ လည်းပါသည်။ သူတို့လိုချင်သော အစိုးရ တက်လာ ရန်၊ မလိုချင်သောအစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန်၊ အစိုးရမပြုတ်လျှင် နိုင်ငံကို ဖျက်ဆီးမည်၊   လုံးဝ အဖတ်ဆယ်မရအောင်    ဖျက်မည်၊     မြေပေါ် မြေအောက် ငွေပုံအောပြီး အစိုးရဆန့်ကျင်သူများ၊ NGOs များ၊ ဖောင်ဒေးရှင်းအဖွဲ့အစည်းများ၊ ပါတီ များကို ကြီးကြီးမားမားထောက်ပံ့ခဲ့ကြသည်။
သံရုံးများ၊  သူလျှိုများက ကျောင်းသားလူငယ်ထု၊  စစ်သား၊ ရဲ၊ ဝန်ထမ်းအဆင့်မြင့်သူများအထိ ဘာသာ ရေးအပါအဝင်    လူထုလူတန်းစား      အလွှာစုံမှာ မွှေနှောက် ထိုးဖောက်သပ်လျှို ဖြိုခွဲ၊ သွေးခွဲပြီး ဝါဒ ဆွဲ၊  ပုဂ္ဂိုလ်ဆွဲ ရုပ်သေးရုပ်များအဖြစ်    အသုံးချခဲ့ကြ သည်။    လူထုအပေါ်      လွှမ်းမိုးသြဇာရှိသူများ (influencers )ကို  ရေရှည်မွေးထားပြီး  အသုံးချခဲ့ သည်ကို သောင်းနှင့်ချီသော    သိန်းဂဏန်းငွေကျပ် ပမာဏရှိသူတို့၏  ဘဏ်အကောင့်များက  သက်သေ ခံပြီးဖြစ်သည်။ 
အမှားအမှန်   ခွဲခြားနားလည်နိုင်စွမ်း   နည်းပါး သည့် GZ အမည်ခံ  သွေးဆူလူငယ် လူရွယ်များကား ဆန္ဒပြလူမြင်ကွင်းထဲ          ပေါ်လိုက်ပျောက်လိုက် လူလည်များကြားတွင်   အသုံးချခံ   သက်သက် ဖြစ်သွားခဲ့ရသည်။  ဖျက်သိမ်းခံခဲ့ရသည့် လုံခြုံရေး ဆိုင်ရာ ဥပဒေများ၏ ရလဒ်များဖြစ်သည့် တရား မဝင်ခိုးဝင်များ၊ စိမ့်ဝင်အကြမ်းဖက်များနှင့်  ခိုးသွင်း လက်နက်များအတွက် ငွေကြေးပမာဏကြီးမားစွာ  ပုံအောအသုံးပြုခဲ့ကြသည်။ ကြိုးဆွဲခံရုပ်သေးများ ကလည်း    ပြည်ပကခိုင်းတာ   အကုန်လုပ်သည်။ ဘတ်ဂျက်တွင် ပြည်သူအကျိုးပြုကိစ္စများအတွက် ငွေကိုမသုံး၊    သူတို့အကျိုးရှိမည့်ကိစ္စများတွင်မူ ကျပ်သိန်းထောင်ချီ   သုံးသွားခဲ့သည်၊၊ 
ရန်သူမိတ်ဆွေ    ခွဲခြားမသိလောက်အောင် အကြမ်းဖက်ကို အကြမ်းဖက်မှန်း    မသတ်မှတ်နိုင် လောက်အောင် ဖြစ်ခဲ့ရသည်မှာ သင်ခန်းစာ ယူစရာ ဖြစ်သည်။ နောက်ဆုံး   အမေရိကန်စစ်ပြန် FBR  (Free Burma Rangers)  ဟုခေါ်သည့် လက်နက် ကိုင်အဖွဲ့များက EAOs များကို    လက်နက်ကိုင် အကြမ်းဖက်သင်တန်းများပေးပြီး အဖျက်လုပ်ရပ် များကို   ရက်ရက်စက်စက်    ကျူးလွန်နေကြဆဲ ဖြစ်သည်။ ယခင်ရော  ယခုမှာပါ  နိုင်ငံတော်နှင့် တိုင်းရင်းသားများ၏ ဘာသာသာသနာ၊ မျိုးချစ်စိတ် ရေခံမြေခံနှင့် အမျိုးသားအကျိုးစီးပွားများ မပျက် ပျက်အောင်        ဖျက်ဆီးကြဆဲဖြစ်သည်ကို ... မြင်အောင်ကြည့် သတိထား လုပ်ကိုင်ကြရန် ဖြစ်ပါ သည်။
နှစ်ရှည်အဖျက်စီမံကိန်းများနှင့်
ဆက်စပ်စဉ်းစားနိုင်
မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ်   နိုင်ငံခြား တိုင်းပြည်အချို့၏      အဖျက်လုပ်ငန်းများသည် နှစ်ရှည်စီမံကိန်းများဖြစ်၍ ယခင်ရော၊ ယခုရော၊ နောင်တွင်ပါ    ဖျက်ဆီးနေကြဦးမှာ    ဖြစ်သည်။ အမေရိကန်နှင့်  ဗြိတိန်တို့သည်     မြန်မာနိုင်ငံကို အစဉ်တစိုက် ဖျက်ဆီးရေးတွင်   အဓိကကြိုးကိုင်သူ တာဝန်ရှိသူများအဖြစ် တိုက်ရိုက်စွပ်စွဲရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံအရေးတွင် CIA နှင့် MI 6 တို့သည် အဓိက   စပွန်ဆာများဖြစ်ပြီး  ဂျော့ဆိုး ရော့စ်နှင့်သူ့သားအလက်ဇ္ဒြားဆိုးရောစ့်၊ အတိုင်ပင်ခံ အနီးကပ်စီးပွားရေး အကြံပေး ရှောင်တာနယ်လ်နှင့် ဗြိတိသျှသံရုံးမှာ  နေရာပေးခံရသည့်     ဂျိုးဖစ်ရှာတို့ သည်   မြန်မာ့အရေးအရာများတွင်     အနီးကပ် ခြယ်လှယ်သူများ   ဖြစ်ခဲ့ကြသည်ကို   ယနေ့ပြည်သူ အများစု    နားလည်သဘောပေါက်လာကြပေပြီ။ INGO ,  NGO နှင့်  ပရဟိတအမည်ခံ  ဖောင်ဒေးရှင်း များစွာသည်  ဆိုးရော့စ်၏ ငွေကြေးအထောက်ပံ့ခံ အဖွဲ့အစည်းများဖြစ်ခဲ့ပြီး       ထိုငွေကြေးများသည် မြန်မာနိုင်ငံ   အကျိုးစီးပွားအတွက်မဟုတ်၊    မူလ ထောက်ပံ့သူများအတွက်သာ  ပြန်လည်အကျိုးပြုခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ပျက်စီးရေးအတွက် အရင်း အနှီးများသာ   ဖြစ်ခဲ့သည်၊၊ 
၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုစလုံးတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိမှုများတွင် ဆိုးရော့စ်၏ ငွေကြေးများ    ပါဝင်ပတ်သက်မှုနှင့်    မကင်းခဲ့ပါ။ ပြည်တွင်းဘဏ်တစ်ခု၌ တရားမဝင် ငွေကြေးအပ်နှံ၊ ထုတ်သွင်း   အရှုပ်အရှင်းများတွင်   ဆိုးရော့စ်၏ ဒေါ်လာငွေများ ပါခဲ့သည်။ သူသည် မြန်မာအစိုးရ၏ အုပ်ချုပ်ရေးများတွင်လည်း ပါဝင်စွက်ဖက်ရန် ကြိုး စားခဲ့သေးသည်။    ဘာကြောင့်    ယူခဲ့ကြသည်၊ ဘာကြောင့်ပေးသည်ကို       တွေးမိသူရှားလိမ့်မည်။ နိုင်ငံတစ်နိုင်ငံကို   အလုံးစုံ     ဖျက်ဆီးလိုလျှင် ဘယ်နေရာက    အရင်းအမြစ်ကို ဘယ်လိုဖြိုခွဲရမည် ဆိုသည်ကို နိုင်ငံတကာ   ပြည်တွင်းရေး    ပတ်မွှေ နေသည့် CIA နှင့် MI 6 တို့က     အသိဆုံး ဖြစ်သည်။  
ပြီးခဲ့သည့်အစိုးရလက်ထက် ဝန်ကြီးဌာန အသီး သီးမှာ ဖြန့်ကြက်တာဝန်ပေးခဲ့သော နိုင်ငံခြားသား အကြံပေးများလက်ထဲ   မြန်မာနိုင်ငံ    လူ့စွမ်းအား၊ စီးပွားရေး၊ စစ်ရေးအင်အား    ဒေတာအချက်အလက် များ    သတင်းပေါက်ကြား    ချိုးဖောက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်အတူ      မြန်မာပြည်တွင်းရေးတွင် အဓိကခြယ်လှယ်တာဝန်ရှိခဲ့သူမှာ  စီးပွားရေးအကြံ ပေးဆိုသူ ရှောင်တာနယ်လ်ပင်ဖြစ်သည်။ အချက် အလက်များအရ မြန်မာနိုင်ငံကို    မြန်မာပြည်သူ တွေက အမှန်တကယ် အုပ်ချုပ်ခဲ့တာ  ဟုတ်ရဲ့လား ထင်မှတ်မှားစရာပင်ဖြစ်သည်။ 
ရှောင်တာနယ်လ်က တရုတ်၏ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် မြန်မာကျောက်ဖြူရေနက်စီမံကိန်း ကို အထူးစိတ်ဝင်စားသည်။ 
ထို့ကြောင့်လည်း ရှောင်တာနယ်လ်ဆိုသူ အဖမ်းခံခဲ့ ရခြင်းဖြစ်သည်။  ထိုသို့လုပ်ရပ်မျိုးကို          ဘယ်လို နိုင်ငံမျိုးကမှ     ခွင့်လွှတ်မှာ     မဟုတ်သည့်အပြင် ဘယ်နိုင်ငံ၊           ဘယ်အဖွဲ့အစည်းကမှလည်း လက်ခံမည်မဟုတ်ပါ။  ထိုသူက စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းများတွင်     အကြံပေးတစ်ယောက် ဖြစ်ခဲ့ဖူးသလို အမေရိကန်ပြည်နယ်ဦးစီးဌာနများ၊အမေရိကန်အေဂျင်စီများ USAID   တို့တွင်လည်း အလုပ်လုပ်သည်။ နိုင်ငံခြားရေးမှာလည်း   အလုပ် လုပ်သလို ကမ္ဘာ့ဘဏ်အတွက်လည်း အလုပ်လုပ် သည်။
ရှောင်တာနယ်လ်သည် Open Society နှင့် NED (National Endowment for Democracy )  မှာလည်း   အလုပ်လုပ်သည်။    ထို့ပြင်   US က ထောက်ပံ့ထားသည့် MDI (Myanmar Develop-ment Institute)မှတစ်ဆင့်     အမေရိကန်၏ မြန်မာပြည်ဖျက်ဆီးရေး      နှစ်ရှည်မူဝါဒကို  ပုံဖော်ရာတွင်    ၂၀၁၀    ပြည့်နှစ်ကတည်းက ထဲထဲဝင်ဝင်   ပါဝင်ခဲ့သူဖြစ်သည်။    ထိုအဖွဲ့အစည်း များသည်       မြန်မာပြည်ကို     ထောင့်ပေါင်းစုံမှ     သွယ်ဝိုက်ထိန်းချုပ်နေသည့်    ယန္တရားများပင် ဖြစ်သည်။    ထို့ကြောင့်လည်း    OS, NED, MDI စသည့်   မြန်မာပြည်   ဖျက်ဆီးရေးကွန်ရက်ကြီးကား ကြီးမားလှသည်ဟု    ဆိုရမည်ဖြစ်ပြီး     အမှန်မှာ     ခေတ်သစ်ကိုလိုနီနယ်ချဲ့နည်း  ပုံစံပင်ဖြစ်သည်။ တပ်မဲရုံများ  တပ်ပြင်ထုတ်ခံခဲ့ရပြီး    တပ်အတွင်း အပြင် အင်အားရွေးကောက်ပွဲ အချက်အလက်များ ပေါက်ကြားအောင် ကြိုးစားခဲ့သည့်အခြေအနေများ နှင့်လည်း   ဆက်စပ်စဉ်းစားနိုင်ပါသည်။ 
တကယ်တော့ ယနေ့ကမ္ဘာတွင်      လက်သစ် ကိုလိုနီခေတ်၏   သားကောင်များ၊      စနစ်၏ သားကောင်များ သိသလိုလို၊  မသိသလိုလို ဖြစ်မှန်း မသိဖြစ်ခဲ့ရရှာသောသူများ   အများအပြားရှိခဲ့သည် မှာ အထင်အရှားပင်  ဖြစ်ပါသည်၊၊   မြန်မာတိုင်းရင်း သားများသည်      ခေတ်သစ်ကိုလိုနီနယ်ချဲ့တို့၏    တစ်ဆင့်ခံ အုပ်ချုပ်ရေးပုံစံ၊     သွယ်ဝိုက်အုပ်ချုပ် ခံခဲ့ရသည့်ရုပ်လုံး        ယခင်အစိုးရလက်ထက်က တစ်စထက်တစ်စ ပုံပေါ်ခဲ့သည်ဟုသာ သုံးသပ်လိုပါ သည်။  သနားစရာကောင်းသည်မှာ ဒီမိုကရေစီလိုချင် သည့် ရိုးသားသည့်  မြန်မာပြည်သူများအနေဖြင့် တကယ်စစ်မှန်ပြီး        အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို ရယူပိုင်ဆိုင်ခွင့် မရှိခဲ့ခြင်းပင်ဖြစ်သည်၊၊
ပြည်သူတွေပေးခဲ့သည့်   ဒီမိုကရေစီအစစ်အမှန် ကို    မိုက်မဲစွာဖြင့်     ဘယ်သူတွေစွန့်ခွာခဲ့ကြသလဲ၊ စစ်မှန်စည်းကမ်းပြည့်ဝ ဟူသည့်စကားစုတစ်ခုကို ထပ်တိုးပြီး    မြန်မာနိုင်ငံ၊     မြန်မာပြည်သူတို့နှင့် ထိုက်တန်သင့်လျော်သည့် ဒီမိုကရေစီပုံစံကို လက်ရှိ ဘယ်သူဘယ်သူတွေက ပုံဖော်နေသလဲ၊    တကယ်ပဲ သွားနေသလား၊ လက်ရှိ Road Map နှင့်   အခင်း အကျင်းများကို     ပညာဉာဏ်အမြော်အမြင်ဖြင့် ဆန်းစစ်ကြည့်စေလိုသည်၊၊ အထူးသဖြင့်    အညွန့် တလူလူဖြင့် အနာဂတ်မျိုးဆက်သစ်များကို  ဤသို့ အဖြစ်မခံလို၊ အတွေ့အကြုံရှိ လူကြီးများအနေဖြင့် မိမိတို့၏   စိတ်စေတနာကောင်းများဖြင့် လမ်းမှန်ကို ပြသပေးစေလိုသည်။       လူငယ်များအနေဖြင့် ယုံကြည်မှုတစ်ခု အရင်းပြု၊  အယူမှားပြီး ဘုရားပြီး ငြမ်းဖျက်ခံ     ပခုံးထမ်းတင်ပေးဘဝများအဖြစ်သို့    မရောက်မိရန်လိုသည်၊၊  လွယ်လွယ်ကူကူ    အသုံးချ မခံရဘဲ  ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းကျော်ဖြတ်  အောင်မြင်စေလိုသည်။ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊   ပါတီစွဲများ   အဖြစ်မခံ၊     အတိတ်ကို ကောင်းစွာ   သင်ခန်းစာယူပြီး   ကိုယ့်လူမျိုး   ကိုယ့်အမျိုးသား   အကျိုးစီးပွားဘက် ကသာ  ခိုင်ခိုင်မာမာရပ်တည်သင့်သည်ဟု   မြင်ပါ သည်။ 
သဒ္ဓါလွန်- ကျွန်ဖြစ်တတ်သည်ကို  သတိမူဖို့ အတိတ်နမူနာများလည်းရှိပြီးဖြစ်သည်။   ခေတ်သစ် နယ်ချဲ့တို့၏  ကစားကွက်ထဲအရောက်မခံ ဘယ်သူ့ ရုပ်သေးရုပ်မှလည်း    အဖြစ်မခံ၊    လုံခြုံရေးစည်း မပေါက်၊  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး  ခရီးရောက်အောင် စည်းလုံး ညီညွတ်သင့်ကြပြီဟုသာ မြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။    ။