ပြင်သစ်နိုင်ငံအနောက်ပိုင်း၌ လူသုံးဦးတင်ဆောင်လာသော လေယာဉ်ငယ်တစ်စင်း ပျက်ကျ

 

ပါရီ   ဩဂုတ်   ၁၆


လူသုံးဦးပါ  လေယာဉ်ငယ်တစ်စင်းသည်  ဩဂုတ် ၁၅ ရက်က   ပြင်သစ်နိုင်ငံအနောက်ပိုင်း     လော်ရီ အတ္တလန်တစ်ဒေသ၌ ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။ 


အဆိုပါ  လေယာဉ်ငယ်မှာ   လော်ရီအတ္တလန် တစ်ဒေသ နန့်တက်စ်နှင့် လာဘူးလ်အကြား ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ပင်လယ်ရေအနက်  ၃  မီတာမှ ၄   မီတာအတွင်း    လေယာဉ်အပျက်အစီးများကို မီးသတ်သမားများက  တွေ့ရှိခဲ့ကြောင်း၊   သို့သော် လည်း    ရာသီဥတုအခြေအနေ    ဆိုးရွားမှုကြောင့် ဩဂုတ်   ၁၅  ရက်တွင်   ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုကို ရပ်ဆိုင်းထားခဲ့ရကြောင်း ဒေသ ဆိုင်ရာအာဏာပိုင်များက ပြောသည်။ 


လက်ရှိအချိန်အထိ သေဆုံးသူများ၏ ပြန်လည် ဆယ်ယူရရှိမှုအခြေအနေနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးကြောင်း သိရ သည်။ ပြင်သစ်မြို့ပြလေကြောင်း ဘေးကင်းရေး ဆိုင်ရာ  စုံစမ်းစစ်ဆေးရေးနှင့် ခွဲခြမ်းစိတ်ဖြာမှုဗျူရို (ဘီအီးအေ) က အဆိုပါ မတော်တဆမှုနှင့် ပတ်သက် ပြီး  စုံစမ်းစစ်ဆေးရန်  ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။                          

ဆင်ဟွာ