လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဆီးရီးယား၌ အစိုးရဝန်ထမ်းများအား လစာ ၁၀၀ ရာခိုင်နှုန်းတိုး‌ပေးရန် သမ္မတ အမိန့်ပေး

 

ဒမတ်စကတ် သြဂုတ် ၁၆ 


လောင်စာဆီဈေးနှုန်း  ချက်ချင်းမြှင့်တင်လိုက်ချိန် တွင် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆက် က အစိုးရဝန်ထမ်းများအား လစာ ၁၀၀  ရာခိုင်နှုန်း တိုးပေးရန် သြဂုတ် ၁၆ ရက်က အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင် ဆာနားသတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။ 


နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများ၊ တပ်မတော် သားများအားလုံး အကျုံးဝင်သည့် လစာတိုးမြှင့်မှု သည်  ဆီးရီးယားပြည်တွင်းစစ် စတင်သည့် ၂၀၁၁ ခုနှစ်မှစကာ ကိုးကြိမ်မြောက် တိုးမြှင့်မှုဖြစ်သည်။ ထိုအချိန်ကတည်းက   နိုင်ငံ၏   စီးပွား‌ရေးသည် စီးပွားရေးအကျပ်အတည်းမှ     ရုန်းမထွက်နိုင် ဖြစ်ခဲ့သည်။


ဆုံးဖြတ်ချက်မချမီ ယခင်က အစိုးရဝန်ထမ်း များ၏   လစာငွေသည်   မှောင်ခိုပေါက်ဈေးပေါ် မူတည်ပြီး   အမေရိကန်ဒေါ်လာ  ၁၀  နှင့်  ၂၅ ကြားသာ ရှိခဲ့သည်။


သြဂုတ် ၁၅ ရက်ညက ဆီးရီးယား ပြည်တွင်း ကုန်သွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဝန်ကြီး ဌာနသည်    သယ်ယူပို့ဆောင်ရေးနှင့်    မုန့်ဖုတ် လုပ်ငန်းများအတွက်   ဒီဇယ်လောင်စာဆီဈေးကို ၁၈၀ ရာခိုင်နှုန်းအထိမြှင့်တင်ခဲ့ပြီး ဓာတ်ဆီဈေးနှုန်း များကို ၁၆၅ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သည်။ 


လောင်စာဆီဈေးနှုန်း    မြင့်တက်မှုကြောင့် သြဂုတ်  ၁၆  ရက်က  ဘတ်စ်ကားမောင်းသူများ အလုပ်သွားရန် ငြင်းဆိုခဲ့သဖြင့် လမ်းများပေါ်တွင် ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ 


လောင်စာဆီဈေးနှုန်းမြင့်တက်မှု       ဂယက် ကြောင့်      စားသောက်ကုန်ဈေးနှုန်းများအပေါ် များစွာသက်ရောက်မှုဖြစ်ခဲ့ပြီး       ညတွင်းချင်း စားသောက်ကုန်ဈေးနှုန်းများ  ၃၀ မှ  ၁၀၀  ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့သည်။                  

 ဆင်ဟွာ