နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံးပုံဖော်ထုဆစ်ကြမည့် လူငယ်များဖြစ်အောင် ကြိုးစားအားထုတ်ကြပါစို့

Type

 

မောင်ငြိမ်းအေး

အသက်   (၁၅)    နှစ်အရွယ်    ကျော်လာသူကို လူငယ်ဟုဆို၏။   လူငယ်များသည်    ကလေးနှင့် လူကြီးဟူသော   အရွယ်နှစ်ခု၏စပ်ကြား  ပေါင်းကူး တံတားဖြစ်၏။ ကလေးဘဝမှ လွန်မြောက်လာသော် လည်း   လူကြီးဘဝသို့လည်း      မရောက်သေး။ ရင့်ကျက်သောလူကြီးမဖြစ်သေးသည့်တိုင်အောင် ဆင်ခြင်တုံတရား ကင်းမဲ့သောကလေးလည်းမဟုတ် တော့။   အရာရာကို   လက်တွေ့ကျကျ   လေ့လာ ဆည်းပူးသည့်အရွယ်။ ကလေးဘဝကဲ့သို့ လူကြီး ပြောသမျှ ခြွင်းချက်မရှိလက်မခံတတ်။ လက်တွေ့ နှင့်ယှဉ်၍ မှန်၏၊ မမှန်၏၊ ကောင်း၏၊ မကောင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပြီးမှ        လက်ခံသောအရွယ် ဖြစ်သည်။
လူငယ်သည်  လူပျိုပေါက်စ  (၁၄)/  (၁၅)   နှစ် အရွယ်မှစ၍ အုပ်စုဖွဲ့နေထိုင်လာတတ်သည်။ တူညီ သောဝါသနာကို ဗဟိုပြု၍ စုစည်းနေထိုင်တတ်ကြ သကဲ့သို့  တူညီသောခံစားချက်များကြောင့်လည်း သိပ်သည်းသောအဖွဲ့အစည်းများ ဖွဲ့စည်းမိတတ်ကြ သည်။ အုပ်စုဖွဲ့လိုခြင်းသည် လူငယ်သဘာဝပင်ဖြစ် သည်။  အုပ်စုဖွဲ့နေထိုင်ရာတွင်  ခေါင်းဆောင်များ ရှိတတ် သည်။   လူငယ်များ   အုပ်စုဖွဲ့နေထိုင်ကြရာတွင် ကောင်းသောအချက်များရှိသကဲ့သို့    အန္တရာယ်ရှိ သောအလားအလာများလည်း    ရှိတတ်သည်ကို လေ့လာတွေ့ရှိနိုင်သည်။    အချင်းချင်း   ညှာတာ ထောက်ထား ရိုင်းပင်းကူညီသော   အလေ့အကျင့် သည်  တန်ဖိုးမဖြတ်နိုင်သည့် ကောင်းသောဓလေ့ စရိုက်ဖြစ်သည်။
ဆရာတင်မှား
သို့သော်  အုပ်စုတစ်စုနှင့်တစ်စု  အပြိုင်အဆိုင် စိတ်၊ မညီညွတ်သောစိတ်၊ ဗိုလ်လုလိုသောစိတ်နှင့် အဖျက်သဘောဆောင်သော၊   အကျင့်စာရိတ္တကို ပျက်ပြားစေသောအလုပ်များကို    တစ်ဦးချင်း မကျူးလွန်၊  မဝံ့မရဲသည့်တိုင်  အုပ်စုဖွဲ့မိသောအခါ အုပ်စုလိုက် ကျူးလွန်တတ်ခြင်းတို့သည် မကောင်း သောဓလေ့စရိုက်များဖြစ်သည်။ ဤအရွယ်လူငယ် များသည်   လူကြီးစကားကို   လက်မခံကြဆိုသော် လည်း ၎င်းတို့လက်ခံသောလူကြီး(ဝါ) ခေါင်းဆောင် စကားကိုမူ       တစ်သဝေမတိမ်းလိုက်နာတတ်ကြ သည်။ ဤသည်ပင် ဆရာတင်မှား၊ ရေလိုက်လွဲသော အခါ ငါးပါးမှောက်သည့်အဖြစ်များနှင့်       လူငယ်များ ကြုံတွေ့တတ်ကြရသည်ကို တွေ့မြင်နိုင်သည်။
အလွှာစုံပါဝင်
မြန်မာနိုင်ငံ   ကလေးသူငယ်အက်ဥပဒေအရ  အသက်  (၁၆)   နှစ်အောက်ကို  ကလေးသူငယ်ဟု ဆိုထားသဖြင့် အသက် (၁၆) နှစ်မှ (၂၅) နှစ်အထိကို လူငယ်ဟုသတ်မှတ်ရမည်ဖြစ်သည်။  အသက်အုပ်စု အတွင်းတွင်  အခြေခံပညာ၊ အဆင့်မြင့်ပညာများ သင်ကြားနေကြသူများ၊    သင်ကြားပြီးမြောက်၍ နိုင်ငံ့တာဝန်၊ လူမှုဘဝတာဝန်ထမ်းဆောင်နေသူများ၊ ပြင်ပတွင်အလုပ်လုပ်နေသူများ၊ အကြောင်းကြောင်း ကြောင့် အလယ်တန်းပညာ၊ အထက်တန်းပညာဖြင့် ပင်  အလုပ်လုပ်နေကြသူများ၊  အလုပ်လုပ်ခွင့်မရ သေးသူများ၊ အလုပ်မလုပ်ဘဲနေသူများ၊ လမ်းမှား ရောက်နေသူများ၊        ဘဝရပ်တည်ရေးအတွက် ဖြစ်သလို    အသက်မွေးဝမ်းကျောင်းပြုနေသူများ စသည်ဖြင့်  လူငယ်လူတန်းစားအလွှာစုံပါဝင်ကြ မည်ဖြစ်သည်။
လူတန်းစားအလွှာအားဖြင့်  မည်သို့ပင်ကွဲပြား စေကာမူ လူငယ်သည် လူငယ်သာဖြစ်၍ လူငယ်တို့ သည် ထူးခြားသောအားမာန်များကို ပိုင်ဆိုင်ထားကြ သည်။   စိတ်ဓာတ်တက်ကြွခြင်း၊   စူးစမ်းလိုခြင်း၊ စွန့််စားလိုခြင်း၊ အများ၏အားထားမှုကို ခံယူလိုခြင်း၊ ကိုယ်ကျိုးစွန့်ရန် ဆန္ဒရှိခြင်း၊ ကာယအားဖြင့် အပြည့် အဝရှိခြင်းတို့မှာ   လူငယ်တို့၏အားမာန်များဖြစ် သည်။ အလားတူ အချစ်နှင့်ပတ်သက်၍စိတ်ကူးယဉ် ခြင်း၊ ခံစားတတ်ခြင်း၊ စွန့်စားခန်းများကို နှစ်သက် ခြင်း၊   လွတ်လပ်ပျော်ရွှင်စွာနေလိုခြင်း    စသည့် ယေဘုယျလိုအင်များ   တူညီကြသည်။   သို့တစေ  ဖို၊ မ ကွဲပြားမှုအရ၊ ရင့်ကျက်မှုအရ၊ သိမှုအရည်အချင်း အရ၊ ပတ်ဝန်းကျင်လူမှုဘဝအရ၊   စီးပွားရေးအရ နှစ်သက်မှုသဘောထားများ ကွဲပြားလေသည်။
အခြေခံအကျဆုံး
ကလေးသူငယ်အရွယ်တွင်    လက်ဦးဆရာ ဖြစ်သော မိဘများက “မကောင်းမြစ်တာ ကောင်းရာ ညွှန်လတ်” ဆိုသည့်အတိုင်း ပြုစုပျိုးထောင် လမ်းမှန် ညွှန်ပြ မြေတောင်မြှောက်ပေးခဲ့သည်။ မိဘလက်မှ လွတ်သည့်အခါ  ပြုပြင်ပျိုးထောင်ရာနေရာသည် စာသင်ကျောင်းဖြစ်သည်။ စာကို ကောင်းစွာသင်ယူ မှသာ လူကောင်းလူတော်ဖြစ်နိုင်သည်။ ဆရာသည် တပည့်များအား  ပညာတတ်မြောက်ရေးသာမက စိတ်ဓာတ်ပညာအမွေပေးသူများလည်းဖြစ်သည်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသကဲ့သို့ ဆရာကောင်းတပည့်ဖြစ်ရခြင်းသည် ကံကောင်း ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်တိုင်း ပညာကောင်းစွာသင်ကြားရေးသည်       လူတော် လူကောင်းဖြစ်လာရေးအတွက်   အခြေခံအကျဆုံး အချက်ဖြစ်သည်။
ပညာတတ်ပေါများသော    တိုင်းပြည်သည် ချမ်းသာကြွယ်ဝသည်ဆိုသဖြင့်   နိုင်ငံများသည် ပညာရေးတွင်  ရင်းနှီးမြှုပ်နှံကြသည်။ လူငယ်ပညာ တတ်များပေါများသဖြင့် တိုင်းပြည်ကြွယ်ဝချမ်းသာ သည့် နိုင်ငံငယ်ငယ်လေး စင်ကာပူကို အတုယူစရာ အဖြစ် ကြားဖြတ်တင်ပြလိုပါသည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးစက နိုင်ငံလူဦးရေ ထက်ဝက်ခန့်သည် ပညာမတတ်ခဲ့ကြပါ။ နိုင်ငံတွင် သယံဇာတအရင်းအမြစ်များမရှိသဖြင့်    လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်     ပညာရေး တွင် အဓိကရင်းနှီးမြှုပ်နှံခဲ့သည်။ အစိုးရအသုံးစရိတ် ၏ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက် တွင် သုံးခဲ့သည်။ 
 အောင်မြင်မှုများရရှိ
လူဦးရေခြောက်သန်းခန့်ရှိသည့် စင်ကာပူနိုင်ငံ တွင်  အခြေခံပညာ  မသင်မနေရသင်ကြရသည်။ မူလတန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ လေးများသည် အချိန်ဇယားဆွဲပြီး အပြင်းအထန် ကြိုးစားခြင်းမှစတင်၍ တစ်ဆင့်ပြီးတစ်ဆင့် ပညာ သင်ခဲ့ကြရသည်။ အစိုးရက အားပေးမှု၊ လူငယ်များ က ကြိုးစားမှုကြောင့် ယခုအခါ စင်ကာပူသည် ကမ္ဘာ မှာ အလေးစားရဆုံးပညာရေးစနစ်ကို ပိုင်ဆိုင်ထား သည်။    ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD)၏ စစ်တမ်းအရ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကျောင်းသားလူငယ်လေးများ၏ သိပ္ပံ၊ သင်္ချာနှင့် စာဖတ်စွမ်းရည်အကဲဖြတ်သည့်   စာမေးပွဲတွင် စင်ကာပူကျောင်းသားလူငယ်လေးများက ထိပ်ဆုံးမှ ရရှိခဲ့သည်ဟုသိရသည်။ စင်ကာပူကို ကမ္ဘာ့အချမ်း သာဆုံး၊ အဖွံ့ဖြိုးဆုံး၊ ပညာအတတ်ဆုံးရည်ရွယ် ချက်ဖြင့်      အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သည်မှာ အတုယူစရာဖြစ်သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေး ကို   ပြောင်းလဲမြှင့်တင်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရသေးပေ။ အခြေခံပညာ (မူလတန်း ပညာ)ကိုပင် ပြီးဆုံးအောင် မသင်ခဲ့ကြရသူများရှိခဲ့ သည်။   ၂၀၁၉   ခုနှစ်   ကြားဖြတ်သန်းခေါင်စာရင်း စစ်တမ်းတွင်  လူဦးရေ   ၁၆  ဒသမ   ၈၉   သန်းတွင် အသက် (၁၅) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များ ဖြစ်သည်ဟုဆိုထားသည်။ စစ်တမ်းတွင် မြန်မာနိုင်ငံ ၏  ပညာရေးနိမ့်ကျခဲ့ကြောင်းလည်း ဖော်ပြထား သည်။ တကယ်တမ်းတွင်   နိုင်ငံလူဦးရေ၏   ၃၃ ရာခိုင်နှုန်းကျော်ရှိနေသည့် တန်ဖိုးမဖြတ်နိုင်သော၊ အားမာန်များနှင့်ပြည့်စုံသော မြန်မာနိုင်ငံမှ လူငယ် များ ပညာကိုကောင်းစွာသင်ကြား၊    အသိပညာ၊ အတတ်ပညာများ တတ်မြောက်ကြပါက လူငယ် များ၏ဉာဏ်ပညာစွမ်းပကားများဖြင့် မိမိတို့၏ အကျိုး၊ နိုင်ငံတော်၏အကျိုးများကို ထိရောက်စွာ အကျိုးပြုနိုင်ကြမည်ဖြစ်သည်။
 ပညာရေးမြှင့်တင် 
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မား ရေးနှင့်စပ်လျဉ်း၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ  ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးဌာနမှ  တာဝန်ရှိသူများအား    တွေ့ဆုံစဉ် “ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုပါက နိုင်ငံ သားတိုင်း  အသိပညာ၊ အတတ်ပညာလိုအပ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကိုအခြေခံ သည့်အနာဂတ်ကို ဖန်တီးပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊       ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့်   မိမိတို့ရည်မှန်းထားသည့် အနိမ့်ဆုံးအဆင့် KG+9 အဆင့် ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက်ပေးရန်လိုကြောင်း” လမ်းညွှန်ခဲ့ သည်။
ကလေးသူငယ်လူငယ်လူရွယ်များကို    မြေ တောင်မြှောက်ပေးရာ၌    “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့  ဆရာများ   အရည် အသွေးမြင့်မားရေးနှင့် လိုအပ်ချက်များ မြှင့်တင်ပေး ရေးသည်  အရေးကြီးပေသည်။ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန်အတွက်    ပညာရေး ဝန်ထမ်းများ လိုအပ်ချက်ပြည့်မီရေး၊ ထိုက်သင့်သည့် ရာထူးနေရာများရရှိရေး၊   လုပ်ငန်းခွင်ပျော်ရွှင်မှု ရရှိရေးဖန်တီးပေးရန်   နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များကို မွေးထုတ်ရာတွင် ဆရာ ဆရာမ များသည် အဓိကတာဝန်ရှိပြီး ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှု  ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်ကအားထားရသည့် အရည်အချင်းပြည့်ဝ သောလူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
ဘက်စုံပညာရေး
နိုင်ငံတော်၏   လူမှုရေးဦးတည်ချက်    ပထမ အချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ် ပညာ  မြင့်မားတိုးတက်စေရေး၊  ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို   အကောင်အထည်ဖော်ဆောင် ရေး” အချက်ကို ချမှတ်ထားသည်။ နိုင်ငံတော်အစိုးရ က ဘက်စုံပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်နေ သည်။ ပညာပြည့်ဝသည့် လူသားအရင်းအမြစ်များ အဖြစ် အသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ် ပေးနိုင်ရန် အခြေခံပညာအထက်တန်းကျောင်းများ၌ ဝိဇ္ဇာ၊   သိပ္ပံဘာသာရပ်များအပြင်   စိုက်ပျိုးရေး၊  မွေးမြူရေး၊   စက်မှုနည်းပညာဘာသာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိသည်။ အခြေခံပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာ များ   အဆင့်ဆင့်တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်  တတိယ အချက်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး   ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်   လူငယ်ကဏ္ဍကို   မြှင့်တင် ဆောင်ရွက်ရေး”ဟူသည့်အချက်ကို   ချမှတ်ထား သည်။   တိုင်းပြည်တစ်ပြည်    ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပညာတတ်များ ပေါများကြွယ်ဝရန်လိုအပ် ရာ လူငယ်များသည် အဓိကကျသောအရင်းအမြစ် များဖြစ်သည်။     ပညာတတ်ရန်ဆိုသည်ထက် အနာဂတ်နိုင်ငံတော်၏တာဝန်များကို လက်ဆင့် ကမ်း ပခုံးပြောင်းထမ်းဆောင်နိုင်ရေး၌ ကာယဗလ၊ ဉာဏဗလ၊   မိတ္တဗလ၊   စာရိတ္တဗလ၊   ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်လူရွယ် များ မွေးထုတ်ပေးရန် အရေးကြီးသည်။ အကျင့် စာရိတ္တကောင်းမွန် ပြီး   အသိဉာဏ်ဖွံ့ဖြိုးသောလူငယ် များဖြစ်အောင်  လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ    ပိုမိုကောင်းမွန်သော       အနာဂတ်နိုင်ငံတော်ကို    ဖန်တီးနိုင်မည်ဖြစ်သည်။        


လမ်းကြောင်းမှန်ပေါ်
အနာဂတ်တွင် လူငယ်များအား လမ်းကြောင်း မှန်ပေါ်သို့ရောက်အောင် တည့်မတ်ထိန်းကျောင်း ပေးရေးနှင့်စပ်လျဉ်း၍   “ခေတ်မီတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာတတ်များ ပေါကြွယ်ဝသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန်လုပ်ကိုင်နိုင်သည့် အတွေးအခေါ်များ ရရှိမည်ဖြစ်သောကြောင့်   တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပညာရည်မြင့်မားအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ်လူငယ်များ ကို မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုနှင့်    အမျိုးသားရေး စရိုက်လက္ခဏာကို      ထိန်းသိမ်းတတ်စေရန်နှင့် တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့်    ရင်ပေါင် တန်းနိုင်ရေး        ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုကဲ့သို့ အနာဂတ်လူငယ်များအား လမ်းကြောင်း မှန်ပေါ်သို့ရောက်အောင် တည့်မတ်ထိန်းကျောင်းပေးနိုင်မှသာလျှင်          တိုင်းပြည်၏အနာဂတ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အားကိုး အားထားရသည့်   လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက ဩဂုတ်လ ၇ ရက်နေ့တွင် အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်များ အား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံအနာဂတ်အတွက် အားထားရမည့်လူငယ်များနှင့်        ပတ်သက်၍ စိတ်မကောင်းဖွယ်ရာ   အခြေအနေများကိုလည်း မြင်တွေ့နေရသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့ နှင့်   အချို့သော EAO  အဖွဲ့များ၏    လုပ်ဆောင်မှု များကြောင့်  တိုင်းရင်းသားဒေသများ၌    တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အရေးများ    များစွာဆုံးရှုံး နစ်နာမှုများ    ဖြစ်ပေါ်နေသည်။    ထို့အပြင်   ပညာ သင်ကြားပေးသော ဆရာ ဆရာမများအား ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့ကြသည်ကိုလည်း     ဝမ်းနည်း ဖွယ်တွေ့မြင်နေရသည်။ ထို့အပြင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပညာသင်ကြားကြရမည့်၊ အလုပ်လုပ်ကိုင်ကြရမည့် လူငယ်များ အများစုပါဝင် နေသည်မှာ နိုင်ငံအတွက် ဆုံးရှုံးမှုသာဖြစ်သည်။
သတိပြုကြရမည်
အထက်တွင် တင်ပြထားသကဲ့သို့  လူငယ်များ ၏သဘာဝအတိုင်း လူကြီးမိဘ ဆရာသမားများ၏ ဆုံးမစကားများကို လက်မခံကြဘဲ နိုင်ငံရေးအမှောင့် ပယောဂများ   သွတ်သွင်းပေးကြသည့်    ၎င်းတို့၏ လူကြီး(ဝါ) ခေါင်းဆောင်စကားကို တစ်သဝေမတိမ်း လိုက်နာပြီး     လမ်းမှားသို့ရောက်နေကြသော အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည့် လူငယ် များကို စိတ်မကောင်းဖွယ် တွေ့ကြရမည်ဖြစ်သည်။ ဆရာတင်မှား၊ ရေလိုက်လွဲသောအခါ ​နောက်ပြန် ဆုတ်မရတော့သည့် ငါးပါးမှောက်သည့်အဖြစ်များကြားတွင် လူငယ်များ ဇွတ်တိုးနေသည်ကိုတွေ့မြင် နိုင်သည်။ ယခုအခါ ပြစ်မှုကြီးကြီးမားမားမကျူးလွန် ခဲ့ကြသောလူငယ်များမှာ လမ်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင် ရသည်။ 
လူငယ်လူရွယ်များသည်      ပင်ကိုအားဖြင့် အစွမ်းအစရှိပြီးသားဖြစ်သည်။ စာရေးသူတို့အပါ အဝင် မိဘဆရာသမားတိုင်းက လူငယ်လူရွယ်တိုင်း ကို တိုးတက်ကောင်းမွန်စေလိုသည်။ ဆရာထက် တပည့်က ထက်စေလိုသည်။  အဖထက်   သားက သာစေလိုသည်။ အစ်ကိုထက် ညီက မြင့်စေလိုသည်။ သို့မှသာ မျိုးဆက်သစ်များ တိုးတက်ကြီးပွားလာမည် ဖြစ်သည်။ အချို့လူငယ်များသည် တိုးတက်မှုကို မရှာလိုကြ၊ အသိပညာကြွယ်ဝမှုကို လျစ်လျူရှုကြ၊ လောင်းကစား၊ အပျော်အပါးများတွင် အချိန်ဖြုန်းနေ သူများလည်းရှိသည်။ တိုးတက်မှုကို ကြိုးစားရှာဖွေ နေကြသည့်လူငယ်အချို့မှာလည်း အပေါင်းအသင်း မှား၊ ဆရာတင်မှား၍ လမ်းမှားသို့ရောက်ကြသည်။ ပို၍ဆိုးသည်မှာ       နိုင်ငံရေးပယောဂကြောင့် လူကောင်းဘဝမှ ပြင်၍မရတော့သည့် အကြမ်းဖက် သမားဘဝသို့   ရောက်ရှိသွားကြခြင်းဖြစ်သည်။ လူငယ်တို့သည် အစွမ်းအစများ ကိုယ်စီရှိကြသည်။ သို့သော် “လှေလှော်၊  လှေခတ်ကောင်းသော်လည်း ရေကြောင်းမသိက  မှောက်တတ်”   သကဲ့သို့၊ “လူတော်လူကောင်းဖြစ်သော်လည်း    အပေါင်း အသင်းမတတ်က ချောက်ကျ”သကဲ့သို့ အဖြစ်ဆိုး များကို သတိပြုကြရမည်ဖြစ်သည်။
လူငယ်များအား စေတနာစကားပါးလိုပါသည်။ ယနေ့လူငယ်များအတွက် အချိန်သည် တန်ဖိုးအရှိ ဆုံးဖြစ်သည်။ လူတစ်ယောက်ဘဝတွင် မည်သည့် အခါမှ   ပြန်မရနိုင်သည့်အရာမှာ  အချိန်ဖြစ်သည်။ အချိန်လွန်မှ နောင်တမရစေရန် အချိန်ရှိခိုက် လုံ့လ စိုက်၍   မိမိအကျိုး၊    နိုင်ငံ့အကျိုးကို   ကြိုးပမ်း စွမ်းဆောင်ကြပါ။ ပညာသင်ချိန်အရွယ်တွင် ပညာ ကို ကြိုးစားသင်ယူပါ၊ စာဖတ်ပါ။ အလုပ်လုပ်သော အချိန်တွင် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ စုဆောင်း ပါ။ မိမိကိုယ်ကို ယုံကြည်စိတ်အပြည့်ဖြင့် နိုင်ငံ၏ အနာဂတ်ကို        အကောင်းဆုံးဖန်တီးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ်    အစွမ်းကုန် ကြိုးစားသွားကြပါရန် ဆန္ဒပြုလိုက်ပါသည်။       ။