
နေပြည်တော် ဩဂုတ် ၁၅
သတ္တုလုပ်ငန်းရှင်များနှင့် သံရည် ကျို ပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်း ပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
တာဝန်ရှိသူများတက်ရောက်
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပဲခူးတိုင်း ဒေသကြီး အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ နာယက၊ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သက်ဆိုင် ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီများမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်း ရှင်များ အသင်းချုပ်နှင့် မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ၊ MSME သတ္တုလုပ်ငန်းရှင်များ၊ သံရည်ကျို ပုံလောင်းလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဖြေရှင်းပေးလျက်ရှိ
ဦးစွာ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အနေဖြင့် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးမြှင့်တင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့သို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပြီး လုပ်ငန်းရှင်များ၏ တင်ပြချက် ၂၃၀ နှင့်ပတ်သက်၍ အစိုးရဌာန ဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့ များ၏ စုပေါင်းအင်အားနှင့် ပူးပေါင်းပံ့ပိုး ဖြေရှင်းပေးလျက်ရှိ ကြောင်း၊ ယခု ညှိနှိုင်းဆွေးနွေးပွဲ သည် ခရီးစဉ်အတွင်း၌ ပဲခူးတိုင်း ဒေသကြီးရှိ MSME လုပ်ငန်းရှင် များ တင်ပြခဲ့သည့် လိုအပ်ချက် များနှင့်ပတ်သက်ပြီး ပူးပေါင်းပံ့ပိုး ပေးနိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း။
ပဲခူးတိုင်းဒေသကြီး ကဝ မြို့နယ် သပြုကျေးရွာရှိ MSME သတ္တုလုပ်ငန်းရှင်များနှင့် သံရည် ကျို ပုံလောင်းလုပ်ငန်းရှင်များ မှ တင်ပြတောင်းဆိုထားသော ဘီယာစွန့်ပစ်ပစ္စည်းများ၊ ကား နံပါတ် စွန့်ပစ်သတ္တုပြားများ၊ သတ္တုတွင်စာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ်သံ / ဒန်သတ္တုများ စသည့် ကုန်ကြမ်းပစ္စည်းများကို ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် ကွန်ရက်ချိတ်ဆက်၍ ပူးပေါင်း ဆွေးနွေးအဖြေရှာနိုင်ကြရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းကြီးများမှ ထွက်ရှိသည့် Metal Waste များကို MSME လုပ်ငန်းများတွင် ပြန်လည် အသုံးပြုမည် ဖြစ်သည့်အတွက် Metal Waste ထွက်သည့် သက်ဆိုင် ရာ လုပ်ငန်း/ဌာနများအနေဖြင့် အသေးစိတ် ဆွေးနွေးပေးကြစေ လိုကြောင်း။
စွန့်ပစ်ပစ္စည်းများကို ကုန် ကြမ်းအဖြစ် ပြန်လည်အသုံးပြု ခြင်းဖြင့် Reduce, Reuse, Recycle & Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန် ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ အသုံးမဝင်၍ ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများကို Recycle ပြုလုပ်ပြီး ကုန်ကြမ်းအဖြစ် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း၌ Reuse ပြန်လည်အသုံးပြုခြင်း အားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရာရောက်သလို သဘာဝစွမ်းအင် များကိုလည်း ချွေတာရာရောက်ပါ ကြောင်း၊ MSME များ ဖွံ့ဖြိုး တိုးတက်လာခြင်းနှင့်အတူ နိုင်ငံ အတွက် အကျိုးများစွာ ဖြစ်ထွန်း စေမည်ဖြစ်သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။
အားသွန်ခွန်စိုက်ကြိုးပမ်း
ဆက်လက်၍ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကဝမြို့နယ် သပြုကျေးရွာနှင့် ရွာသစ်ကျေးရွာ တို့တွင် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်သုံး စက်ပစ္စည်းများ၊ အသံချဲ့စက်ပစ္စည်းများ၊ အီလက် ထရောနစ်ပစ္စည်းများ၊ ရေယာဉ် ပန်ကာ၊ အပ်ချုပ်စက်နှင့် လူသုံး ကုန်ပစ္စည်းများကို ထုတ်လုပ် လျက်ရှိကြောင်း၊ သံ၊ သံသတ္တု သံရည်ကျို ပုံလောင်းလုပ်ငန်းများ အတွက် လိုအပ်သော စမ်းသပ် ပစ္စည်း ကုန်ကြမ်းများ ရရှိရေး အတွက် MSME အေဂျင်စီမှ ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ် ဆက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်နေမှုများကို လည်း ကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ ဒန်သတ္တု ကုန်ကြမ်း ပံ့ပိုးပေးနိုင်မှုအခြေ အနေများနှင့် စပ်လျဉ်း၍ လည်း ကောင်း ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်