
နေပြည်တော် ဩဂုတ် ၁၅
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည် တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ နှင့် ဒက္ခိဏသီရိမြို့နယ်များ အတွင်း မြို့သာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာ ကြာပန်း အဝိုင်းအနီးတွင် Free Way လမ်း တိုးချဲ့ဖောက်လုပ် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့ နယ် ရာဇသင်္ဂဟလမ်းမှ မာရဝိ ဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားသော အဓိကလမ်းမကြီးဖြစ် သည့် စံပယ်လမ်း လမ်းကွေ့နေရာ တွင် Free Way လမ်းတိုးချဲ့ ဖောက်လုပ်နေမှုနှင့် သံတမန်ဇုန် အတွင်းရှိ သစ်ခွလမ်းမှ မြတ် မင်္ဂလာလမ်းသို့ လမ်းဖြောင့် ဖောက်လုပ် ကွန်ကရစ်ခင်းရန် မြေသားပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့ နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းဘေး (မြို့မဈေး အနီး) ရှိ သုခတော်ဝင်အိမ်ရာ အတွင်း လုံခြုံရေးနှင့် အေးချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့ နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်း ရှိ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ရေဆိုးသန့်စင် စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်အရည် အသွေး ကိုက်ညီအောင် ဆောင် ရွက်ရန်နှင့် မြို့သန့်ရှင်းသာယာ လှပရေး အလေးထားဆောင်ရွက် ကြရန် မှာကြားသည်။
သတင်းစဉ်