စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော်   ဩဂုတ်    ၁၅


စစ်ကိုင်းတိုင်းဒေသကြီး   အတွင်း နယ်မြေလုံခြုံရေးနှင့်     နယ်မြေ တည်ငြိမ်အေးချမ်းရေး   တာဝန် ထမ်းဆောင်နေသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များ၊   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်      ပြည်သူ့စစ် (ဌာနေ)      တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ   ချီးမြှင့် ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌     ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးမြတ်ကျော်၊   အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ် သန်းထိုက်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ    တက် ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က  အမှာစကား ပြောကြား သည်။ ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တာဝန်ရှိ သူများက        လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်       ပြည်သူ့စစ် (ဌာနေ)      တပ်ဖွဲ့ဝင်များအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ကိုယ်စား    ကိုယ်စား လှယ်       တာဝန်ရှိသူတစ်ဦးက  ကျေးဇူးတင်စကား    ပြန်လည် ပြောကြားခဲ့ကြောင်း   သတင်းရရှိ သည်။                      

သတင်းစဉ်