အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၃ အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဩဂုတ်   ၁၂


မြန်မာယူ-၂၃ အသင်းသည် ၂၀၂၃ အာဆီယံ ယူ-၂၃ ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့  ဩဂုတ်  ၁၂ ရက် ညနေပိုင်းက  ရန်ကုန်မြို့မှ  ထွက်ခွာ သွားသည်။


မြန်မာယူ-၂၃  အသင်းတွင်  ကစားသမားများအဖြစ်   ဂိုးသမား- ဟိန်းထက်စိုး (ဧရာဝတီယူနိုက်တက်)၊ နေလင်းထက်   (မဟာယူနိုက် တက်)၊     ပြည့်ဖြိုးသူ    (ရတနာပုံ)၊    နောက်တန်း-ရှင်းသန့်အောင် (ဟံသာဝတီယူနိုက်တက်)၊ မိုးဆွေအောင် (အား/ကာသိပ္ပံ)၊ မင်းခန့် (ရခိုင်ယူနိုက်တက်)၊ ထူးမြတ်ခန့် (ကချင်ယူနိုက်တက်)၊  လတ်ဝေဘုန်း (ဧရာဝတီယူနိုက်တက်)၊ နောင်နောင်စိုး (ရတနာပုံ)၊ လန်းဆန်းအောင် (အား/ကာသိပ္ပံ)၊ သက်ဟိန်းစိုး(ရတနာပုံ)၊ ဉာဏ်လင်းထက် (ရန်ကုန်)၊ အလယ်တန်း-မင်းမော်ဦး    (သစ္စာအားမာန်)၊   စိုးမင်းဦး    (မြဝတီ)၊ ဟိန်းဇေယျာမင်း(မြဝတီ)၊၊ အာကာကျော် (မဟာယူနိုက်တက်)၊ ပီတာအောင်ဝေထူး    (ဧရာဝတီယူနိုက်တက်)၊   ချစ်အေး  (ရတနာပုံ)၊ ညီညီ  (ကချင်ယူနိုက်တက်)၊    ခွန်ကျော်ဇင်ဟိန်း    (ဟံသာဝတီ)၊ အောင်မျိုးခန့် (ရတနာပုံ)၊ ၊ မိုးဆွေ (ရတနာပုံ)၊ သန်းတိုးအောင် (ကချင်)၊ ရှေ့တန်း - သန်းတိုးအောင် (GFA)၊ စွမ်းထက် (ရတနာပုံ) တို့ ပါဝင်ကြ သည်။   မြန်မာ ယူ-၂၃    အသင်းအမာခံကစားသမားအချို့မှာ  ကလပ် အသင်းပွဲစဉ်များနှင့် တိုက်ဆိုင်နေသဖြင့် ယခုပြိုင်ပွဲတွင်   ပါဝင်ကစား နိုင်မည်မဟုတ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် သြဂုတ် ၁၁  ရက်က ရန်ကုန်ယူနိုက်တက် အသင်းနှင့် ခြေစမ်းကစားပြီးနောက် ပဏာမကစားသမား ၃၇ ဦးမှ ၂၅ ဦးရွေးချယ်ခဲ့သည်။


မြန်မာယူ-၂၃ အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု (က)တွင် ထိုင်း၊   ကမ္ဘောဒီးယား၊   ဘရူနိုင်းအသင်းတို့နှင့် ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ တွင် ထိုင်း၊ ဩဂုတ် ၁၉ တွင် ကမ္ဘောဒီးယား၊ ဩဂုတ် ၂၁ တွင် ဘရူနိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF