
တူးနစ် ဩဂုတ် ၁၂
တူနီးရှား အာဏာပိုင်များသည် နိုင်ငံအနောက်ပိုင်း ကက်စီရင်း ပြည်နယ်ရှိ နိုင်ငံတကာ ကိုယ်တွင်း အင်္ဂါများ ကုန်ကူးသည့်ဂိုဏ်းကို ဖြိုခွင်းခဲ့သည်ဟု ပုဂ္ဂလိက ရေဒီယိုဖြစ်သည့် မိုဇာကီအက်ဖ် အမ်တွင် ဩဂုတ် ၁၁ ရက် ဖော်ပြ ခဲ့သည်။
လူ၏ ကိုယ်တွင်းအင်္ဂါများ ရောင်းဝယ်ဖောက်ကားမှုအတွက် ငါးဦးကို ဖမ်းဆီးခဲ့သည်ဟု ကက်စီရင်းပြည်နယ်မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ တူကီယဲ နှင့် ဆီးရီးယားနိုင်ငံသားခံယူထားသည့် လူတစ်ဦးက အဆိုပါ လူ့ ကိုယ်တွင်း အင်္ဂါကုန်ကူးသည့် ဂိုဏ်းကိုဦးဆောင်ပြီး နိုင်ငံရပ်ခြား အထူးသဖြင့် တူကီယဲသို့သွားရောက် ကာ ကိုယ်တွင်းအင်္ဂါ ရောင်းချ လိုသူများကို ကြားမှဆက်သွယ် ဆောင်ရွက်ပေးသည်ဟု ၎င်းကို စွပ်စွဲထားသည်။
ဆင်ဟွာ