
ကိုလံဘို ဩဂုတ် ၁၂
သီရိလင်္ကာနိုင်ငံသည် ၎င်း၏ ပထမဆုံးအားကစားတက္ကသိုလ် တည်ဆောက်ရေးနှင့် ပတ်သက် သည့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သမ္မတရုံး သတင်းဌာန (ပီအက်စ်ဒီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဘွဲ့မရသေးသော တက္ကသိုလ် ကျောင်းသားများ အနေဖြင့် အားကစားနယ်ပယ် တွင် ကျွမ်းကျင်မှုရှိမည်ဆိုပါက ဘွဲ့ဒီဂရီရရှိရန် အဆိုပါ တက္ကသိုလ် က ပံ့ပိုးပေးနိုင်တော့မည်ဖြစ် ကြောင်း အားကစားနှင့် လူငယ် ရေးရာ ပြည်နယ်ဝန်ကြီး ရိုဟာနာ ဒစ်ဆာနာယာကာ ကို ကိုးကားပြီး ပီအက်စ်ဒီက ပြောသည်။
ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ အားကစား အဆောက်အအုံကို အားကစားတက္ကသိုလ် ဆောက် လုပ်ရာတွင် တိုးချဲ့သွားမည်ဖြစ် ကြောင်း အဆိုပါဌာနက ပြော သည်။
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ အတွင်းရှိ လူငယ်လူရွယ်များ၏ အားကစားဆိုင်ရာ စွမ်းဆောင် ရည်များကို မြေတောင်မြှောက် ပေးရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
ဆင်ဟွာ