
ရန်ကုန် ဩဂုတ် ၁၁
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၃) ခုနှစ်တွင် ဆုရရှိသူများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း (ရန်ကင်း)၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ (NSSA) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင် များ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန် ရှိသူများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သား များ၊ အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ(၂၀၂၃) ပြိုင်ပွဲဝင်များ၊ သက်ဆိုင်ရာကော်မတီဝင် များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ကျွမ်းကျင်လုပ်သားများ၏ အရည်အသွေးကို မြှင့်တင်ပေးရန်နှင့် ထိုမှ တစ်ဆင့် ကျွမ်းကျင်လုပ်သားများ၏ ရပိုင် ခွင့်၊ လူနေမှုအဆင့်အတန်းနှင့် ကျွမ်းကျင် မှုများတိုးတက်စေရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
စင်ကာပူနိုင်ငံ၌ ဇူလိုင် ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၃) တွင် မြန်မာနိုင်ငံမှ Electrical Installation နယ်ပယ်တွင် ပြိုင်ပွဲဝင် နှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Me-dallion of Excellence နှင့် Best of Nation ဆုရရှိ၍ နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင် ခဲ့မှုအတွက် ပြိုင်ပွဲဝင်များနှင့် နည်းပြများ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မြန်မာ့ဂုဏ်ဆောင် ကျွမ်းကျင်လုပ်သား များ ထပ်မံပေါ်ထွန်းလာရေး တာဝန်ရှိသူ များ၊ အသင်းအဖွဲ့များက နိုင်ငံချစ်စိတ်ဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များ အသင်းချုပ်တို့မှ တာဝန်ရှိသူများက အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ တွင် ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိခဲ့သူ နှစ်ဦးနှင့် ပံ့ပိုး ကူညီခဲ့သောလုပ်ငန်းရှင်များကို ဂုဏ်ပြု လက်မှတ်နှင့် NSSA အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်လုပ်သားများကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ အထည်ချုပ်စက်ရုံနှင့် ဇာထိုးပန်းထိုးစက်ရုံများဖြစ်သည့် MEGA ONE GARMENT Co.,Ltd၊ SUN FLOWER LACE (2) နှင့် SHWE MINGALAR GARNMENT CO.,LTD သို့ သွားရောက် ကြည့်ရှုကြသည်။
သတင်းစဉ်